ကျေးသီးမြို့နယ်တွင် RCSS နှင့် SSPP တိုက်ပွဲကြောင့် စစ်ရှောင် (၁၀၀၀) ကျော် စားဝတ်နေရေးခက်ခဲ

ကျေးသီးမြို့နယ်တွင် RCSS နှင့် SSPP တိုက်ပွဲကြောင့် စစ်ရှောင် (၁၀၀၀) ကျော် စားဝတ်နေရေးခက်ခဲ

သျှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့၊ လွယ်ဟွန်းတောင်ကြောတစ်လျှောက်တွင် RCSS နဲ့ SSPP တို့၏တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသေးသဖြင့် စစ်ရှောင် (၁၀၀၀) ကျော်အတွက် စားဝတ်နေရေးခက်ခဲနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကတည်းကစပြီး ယနေ့ ၇ ရက်နေ့ထိ သျှမ်းတပ် (၂) တပ်ဖြစ်သည့် RCSS/SSA နှင့် SSPP/SSA ဖြစ်ပွားမှုကြောင့် စစ်ရှောင် (၁၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

RCSS နှင့် SSPP တို့သည် တိုက်ပွဲဖြစ်ပွားမှု (၇) ရက်မြောက်နေ့ဖြစ်လာပြီး စစ်ပွဲကြောင့် အနီးပတ်ဝန်းကျင်ရှိ မတ်ဝေါင်းရွာ၊ ဝမ်လတ်းရွာ၊ ဟိုနားရွာ၊ ဝမ်ဟိုဖိုင်ရွာ၊ ဖိုင်မုန်ရွာ၊ နားဟျိုးရွာ စတဲ့ ကျေးရွာတွေက ရွာသားတွေ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ရွာမှာ ကျွဲ၊ နွားတွေ၊ ဝက်တွေ အကုန်လုံးထားခဲ့ပြီး ပြေးလာတာ၊ အခုက ဘုန်းကြီးကျောင်းရှိနေလို့ တော်သေးတယ်၊ ဒါပေမဲ့ တိုက်ပွဲက ကြာလာတော့ နေရေးထိုင်ရေး စားရေးသောက်ရေးကအစ ခက်ခဲလာပါပြီ” ဟု ကျေးသီးမြို့သို့ စစ်ဘေးရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောပါသည်။

လက်ရှိ စစ်ဘေးရှောင် (၁၀၀၀) ကျော်သည် ကျေးသီးမြို့ပေါ်ရှိ နောင်ဆွမ်းဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင် (၇၀၀) ကျော်ရှိပြီး၊ ကျန်စစ်ရှောင်များသည် ကျန်ဘုန်းကြီးကျောင်း (၄) ကျောင်းတွင် နေထိုင်ကြကြောင်း နောင်ဆွမ်းဘုန်းကြီးကျောင်းမှ ဦးဇင်းတစ်ပါးက သျှမ်းသံတော်ဆင့်ကို မိန့်ကြားသည်။

“ဦးဇင်းတို့ နောင်ဆွမ်ကျောင်းမှာ (၇၀၀) ကျော်ရှိတယ်။ ကျန်စစ်ရှောင်တွေက ဘုန်းကြီးကျောင်း (၄) ကျောင်းမှာ ရှိကြတယ်။ တချို့က ဆွေမျိုးရှိတော့ ဆွေမျိုးအိမ်မှာနေကြတယ်။ စားစရာသောက်စရာကတော့ တော်တော်လေးခက်ခဲလာပါပြီ” ဦးဇင်းက မိန့်သည်။

စစ်ဘေးရှောင်များအတွက် တခြားမြို့မှ အလှူရှင်များ လာရောက်လှူဒါန်းခြင်းမရှိကြောင်း၊ လက်ရှိမှာ ကျေးရွာအတွင်းရှိ အလှူရှင်များက လာရောက်ကူညီဝေမျှပေးနေကြောင်းလည်း ဦးဇင်းက ထပ်လောင်းမိန့်သည်။

ယမန်နေ့က မွန်းလွဲ ၃ နာရီဝန်းကျင်တွင် လွယ်ဟွန်းတာင်ခြေအနီးရှိ တအာင်း (ပလောင်) အများစုနေထိုင်သော ကျေးရွာဖြစ်သည့် နမ့်အုပ်ဘုန်းကြီးကျောင်းဝန်းအတွင်းသို့ လက်နက်ကြီး (၂) လုံးကျခဲ့ပြီး ထိခိုက်ပျက်စီးမှုတော့မရှိကြောင်း သိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...