တာချီလိတ် ကလပ်တခု ဗုံးပေါက်ကွဲမှုဖြစ်

တာချီလိတ် ကလပ်တခု ဗုံးပေါက်ကွဲမှုဖြစ်

သျှမ်းရှေ့၊ တာချီလိတ်မြို့၊ ရွှေမြေသာယာဈေးအနီးရှိ ကြီးမြတ်သောရွှေမြင်း (King Horse Fly Pub 6888) ကလပ်တွင် ယမန်နေ့ ဇွန်လ (၆) ရက် ည (၈) နာရီခွဲကျော်၌ သေနတ်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ဗုံးနှစ်လုံးပေါက်ကွဲကြောင်း သိရသည်။

အဆိုပါ Club အဆောက်အဦးကို သေနတ်နှင့် လာရောက်ပစ်ခတ်သွားပြီး၊ ဗုံး ထပ်မံပေါက်ကွဲမှုဖြစ်ပွါးသွားကြောင်း အနီးရောက်နေသူတစ်ဦးထံက သိရသည်။

"ဗုံးပေါက်ကွဲမှုမဖြစ်ခင်က သေနတ်နဲ့ ပစ်ခတ်သံတွေကြားရသေးတယ်၊ သေနတ်သံကတော့ ၂ ချက် ၃ ချက်လောက်ကြားရတယ်၊ ဗုံးကတော့ ကလပ်အဝင်ပေါက်မှာ နှစ်လုံးပေါက်ပါတယ်" ဟု အဆိုပါကလပ်အနီး ရောက်ရှိနေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

တာချီလိတ်မြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း ကြီးမြတ်သောရွှေမြင်း (King Horse Fly Pub 6888) ကလပ်သည် ဒေသအုပ်ချုပ်ရေးများ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ကြောင်း သိရသည်။

ဤကဲ့သို့ ဗုံးပေါက်ကွဲမှုဖြစ်ပွားသော်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားရာနေရာကို ယခင်လို စစ်တပ်နှင့်ရဲတို့မှ လာရောက်စစ်ဆေးခြင်းမရှိကြောင်း ကလပ်အား ညလုံးပေါက် ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ (၂၅) ရက်နေ့ ည (၉) နာရီ မထိုးမီအချိန်ကလည်း အဆိုပါ ကြီးမြတ်သောရွှေမြင်း (King Horse Fly Pub 6888) ကလပ်၏ ဧရိယာအတွင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...