အာဆီယံ အထူးသံတမန် အမြန်ဆုံးခန့်အပ်ရေး အင်ဒိုနီးရှားတိုက်တွန်း

အာဆီယံ အထူးသံတမန် အမြန်ဆုံးခန့်အပ်ရေး အင်ဒိုနီးရှားတိုက်တွန်း

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တစ်ဦးကို အမြန်ဆုံးခန့်အပ်ရလိမ့်မည်ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီးက ဇွန်လ ၂ ရက်တွင် တိုက်တွန်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး အဓိက သံတမန်ရေးဆိုင်ရာအားထုတ်မှုများကို အာဆီယံက ဦးဆောင်လုပ်ဆောင်နေသည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ အာဏာသိမ်းမှုနောက်ပိုင်း အာဏာသိမ်းစစ်တပ် လက်အောက်ခံတပ်ဖွဲ့၀င်များ၏ လူမဆန်သည့် ဖြိုခွင်းမှုများကြောင့် လူရာပေါင်းများစွာ သေဆုံးထားခဲ့သလို ထောင်နှင့်ချီ ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

ပြီးခဲ့သည့် ဧပြီလက အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်တွင်ပြုလုပ်ခဲ့သည့် မြန်မာ့အရေး အာဆီယံဆွေးနွေးပွဲတစ်ခု၌ ဘုံသဘောတူညီချက် ၅ ချက် ရခဲ့ကြောင်း အာဆီယံအဖွဲ့က ပြောခဲ့ပြီးနောက်ပိုင်း သိသာထင်ရှားသည့် တိုးတက်မှု ကြီးကြီးမားမား ရှိမထားသေးပေ။

“အထူးသံတမန်တစ်ဦး ခန့်အပ်မှုကို အမြန်ဆုံးပြီးစီးအောင် လုပ်ရပါလိမ့်မယ်၊ သက်ဆိုင်သူအားလုံးနဲ့ ဆက်သွယ်မှုကို ထိန်းသိမ်းထားရပါလိမ့်မယ်” ဟု အင်ဒိုနိုင်ငံခြားရေး၀န်ကြီး ရက်တ်နိုမာဆူဒီက ဂျကာတာရှိ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။

အလားတူ သဘောတူထားသည့် ဘုံသဘောတူညီချက် ၅ ခုနှင့်ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်ရန်အတွက် ယခုရက်ပိုင်းအတွင်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့သည် မြန်မာနိုင်ငံသို့လာရောက်ရန် စီစဥ်နေကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောသည်။

သဘောတူထားသည့် အချက်များထဲတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်ဆိုင်းရေး၊ သက်ဆိုင်သူအားလုံးအကြား အပြုသဘောဆောင် ဆွေးနွေးမှု လုပ်ဆောင်ရေး၊ ဆွေးနွေးမှုများကို အဆင်ပြေချောမွေ့စေရန် အာဆီယံအထူးသံတမန်က ကြား၀င်ကူညီရေး၊ အကူအညီပေးအပ်မှု လက်ခံရေးနှင့် မြန်မာနိုင်ငံသို့ အာဆီယံသံတမန် လာရောက်ရေးတို့ ပါ၀င်သည်။

“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့နဲ့ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒနဲ့အညီ မြန်မာနိုင်ငံရေးနယ်ပယ်ထဲ ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်နိုင်ဖို့အတွက် အလုံးစုံပါ၀င်တဲ့ ညှိနှိုင်းဆွေးနွေးမှုကို အားပေးသင့်ပါတယ်” ဟု ရက်တ်နိုက ပြောသွားခဲ့သည်။

August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ ပန်ဆောင်မြို့နှင့်...
August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...