တောင်ကြီး ၂၁၂ တပ်ထဲ ကတုတ်ကျင်းတူးရာ တပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပွား

တောင်ကြီး ၂၁၂ တပ်ထဲ ကတုတ်ကျင်းတူးရာ တပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပွား
Photo: ၂၁၂ တပ် ဈေးပုံ
Photo: ၂၁၂ တပ် ဈေးပုံ

တောင်ကြီးမြို့တွင် ယမန်နေ့ (မေ ၃၀) ရက် မနက်ပိုင်းတွင် ၂၁၂ ဆက်သွယ်ရေးတပ်ထဲ၌ စစ်သားများအချင်းချင်း အငြင်းပွားစကားများကြပြီး ပစ်ခတ်မှုရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းဘက်တွင်ရှိသော ၂၁၂ တပ်အတွင်း စစ်သားနှစ်ဦးသည် အချင်းချင်းစကားများကြပြီး တစ်ဦးက အနီးရှိ ဓါးဖြင့် ခုတ်မှုပြုလုပ်ပြီး၊ တခြားစစ်သားက သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း အမည်မဖော်လိုသည့် ၂၁၂ ဈေးအနီးတွင်နေထိုင်သူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြည်သူကဝင်လုပ်တယ်ဆိုတာက သတင်းအမှားပါ၊ သူတို့တပ်ထဲ ကတုတ်ကျင်းတူးနေကြရင်းနဲ့ အချင်းချင်း စကားများရာကနေ တစ်ယောက်က ဓါးနဲ့ခုတ်လိုက်တာ။ အခုတ်ခံရတဲ့သူက ဘယ်ဖက်လက်မောင်းမှာ ဒဏ်ရာရသွားပြီးတော့ ဓါးနဲ့ခုတ်သူကို သေနတ်နဲ့ပြန်ပစ်ကြတာ” ဟု ၎င်းက ပြန်ပြောပြသည်။

ယခုရက်ပိုင်း တောင်ကြီးမြို့ပေါ်တွင် ဗုံးပေါက်ကွဲမှု မကြာခဏဖြစ်ပွားပြီး၊ ၂၁၂ တပ်အနီးတဝှိက်တွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားသဖြင့် တပ်ထဲတွင် ကတုတ်ကျင်းများတူးရာ စစ်သားအချင်းချင်း စကားများ သေနတ်ပစ်ဖောက်သည့်အထိ ဖြစ်ပွားခဲ့သည်။

လွန်ခဲ့သည့် မေလ ၂၇ ရက်တွင်လည်း ဆက်သွယ်ရေးတပ် (၂၁၂) အရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်သားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဆက်သွယ်ရေး ၂၁၂ တပ်ရှေ့တွင် ဖြတ်သန်းသွားသည့် ပြည်သူများကို စစ်ကောင်စီအုပ်စုက စစ်ဆေးမှုပြုလုပ်ပြီး၊ ပြည်သူများပါလာသည့် ဖုန်းများကိုလည်း စစ်ဆေးကာ ဖမ်းဆီးမှုပြုလုပ်နေကြောင်း သိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...