စစ်အာဏာသိမ်းအပြီး ဒုတိယအကြိမ်ဖွင့်လှစ်တဲ့ ထီဖွင့်ပွဲ အက္ခရာအလုံးရေ တိုးမရောင်းနိုင်ဘဲ ဖွင့်လှစ်

စစ်အာဏာသိမ်းအပြီး ဒုတိယအကြိမ်ဖွင့်လှစ်တဲ့ ထီဖွင့်ပွဲ အက္ခရာအလုံးရေ တိုးမရောင်းနိုင်ဘဲ ဖွင့်လှစ်

စစ်အာဏာသိမ်းယူအပြီး ဒုတိယအကြိမ်ဖွင့်လှစ်တဲ့ အောင်ဘာလေထီဖွင့်ပွဲဟာ အက္ခရာအလုံးရေ ထပ်တိုးရောင်းချနိုင်ခြင်းမရှိဘဲ အက္ခရာအလုံးရေ ၂၀ နဲ့သာ ရောင်းချဖွင့်လှစ်ပေးခဲ့ရပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို အလိုမရှိတာကြောင့် ၎င်းတို့ ရဲ့ ဘက်ဂျက်တွေ (လျာထားငွေ) ကျဆင်းအောင် ပြည်သူအများစုက ထီမထိုးခဲ့တာပါ။

ဒါ့ကြောင့် အရင်အရပ်သားအစိုးရလက်ထက်က အမြင့်ဆုံးဆုကို ကျပ်သိန်းတစ်သောင်းခွဲ ချီးမြှင့်နေရာကနေ စစ်ကောင်စီလက်ထပ်မှာ ကျပ်သိန်း ၅၀၀၀ ကိုသာ လျော့ကျပေးနိုင်တော့တာပါ။

ယနေ့ဖွင့်လှစ်တဲ့ ၂၇ ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေထီနဲ့ပတ်သက်လို့ လက်ပွေ့ရောင်းချနေတဲ့ ထီသည်တစ်ဦးက “ဒီလလည်း ထီတွေအများကြီးကျန်တယ်။ ထီရောင်းသူလာရင်တောင် စစ်ကောင်စီအားပေးနေတဲ့ကောင်လာပြီဆိုပြီး တိုးတိုးပြောတဲ့သူရှိသလို၊ အော်ရောင်းနေတာကို အနှောင့်အယှက်ဖြစ်အောင် လုပ်တာမျိုးတွေလည်းရှိတယ်"

အက္ခရာက တိုးဖို့မပြောနဲ့ အခု အလုံးရေ ၂၀ ကိုရောင်းတာတောင် ထီကျန်တွေရှိနေတာဆိုတော့ နောက်ဆို ဘယ်လိုလာမလဲတောင်မသိဘူး။ အခြားဟာဘဲ ပြောင်းရောင်းတော့မယ်လို့” မဇ္စျိမကို ရင်ဖွင့်ပြောဆိုပါတယ်။

“အရင်က အက္ခရာအလုံးရေအပြည့် ၃၃ လုံးအပြင် “ကက” တို့ “ကခ” တို့ ဆိုတဲ့ အရံထီတွေကိုပါ ရောင်းရတယ်။ အခုဟာက ဆုပေးဖို့ နီးနီးလောက် အက္ခရာကိုဘဲ ရောင်းနေရတယ်။ အရင်က လလယ်ကနေ လကုန်ရက်အတွင်း ကိုယ့်ဆီလာဝယ်တဲ့ နယ်ကိုယ်စားလှယ်တွေရော၊ အခြားကိုယ်စားလှယ်တွေရော ဆိုင်ထဲ ခြေချင်းခတ်နေတာ။ အခုတော့ လက်ကျန်ထီထဲက ပေါက်ဂဏန်းကိုဘဲ မျှော်နေရတော့တဲ့အခြေအနေ ဖြစ်နေတယ်” လို့ ထီကိုယ်လှယ်တစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီက ဒီနေ့ဖွင့်လှစ်ပေးခဲ့တဲ့ အောင်ဘာလေထီဖွင့်ပွဲအတွက် “က” အက္ခရာမှ အစဉ်လိုက် “န” အက္ခရာအထိ အက္ခရာအလုံးရေ ၂၀ မှာ ထီစာအုပ်ရေပေါင်း ၂၆၂၃၃၄ အုပ်ရောင်းချခဲ့ရသလို ရောင်းချရငွေ ကျပ်သန်း ၂၆၂၃ ဒဿမ ၃၄၀ ထဲကတဆင့် ၆၀ ရာခိုင်နှုန်းဖြင့်တဲ့ ကျပ်သန်း ၁၅၇၄ ဒဿမ ၀၀၄ ကိုချီးမြှင့်ပေးမယ်လို့ ကြေညာထားပါတယ်။

အဲ့ဒီအပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိတဲ့ ဘဏ္ဍာသိမ်းရငွေများထဲက ကျပ်သန်း ၂၅၀ ကိုလည်း ဖြည့်စွက်ချီးမြှင့်သွားမယ်လို့လည်း ဆိုပါတယ်။

September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...
မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များအား တွေ့ရစဉ် / MOI)
September 1, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာရှိ စစ်အုပ်စုတပ် စစ်ကြောင်း ခြေကုပ်ယူထားသည့် စခန်းကို...
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများကို လှည်းဖြင့်သယ်ထုတ်နေစဥ် / ဗိဿနိုး ပြည်သူ့ ကာကွယ်ရေးတပ်မတော်
September 1, 2026
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၂၀ ခန့် ပါဝင်သည့် စစ်အုပ်စုတပ်စစ်ကြောင်းကို...