မိုးမောက်မြို့နယ်က ကျေးရွာများတွင် တိုက်ပွဲဖော်ဆောင်ခြင်းမပြု‌ရန် ကျားနီပါတီတောင်းဆို

မိုးမောက်မြို့နယ်က ကျေးရွာများတွင် တိုက်ပွဲဖော်ဆောင်ခြင်းမပြု‌ရန် ကျားနီပါတီတောင်းဆို

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တိုက်ပွဲဖော်ဆောင်ပစ်ခတ်ခြင်း မပြုရေးနှင့် ညှိနှိုင်းပေးရန် ဗန်းမော်ခရိုင်အုပ်ချုပ်ရေးထံ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက မေလ ၂၆ ရက်စွဲဖြင့် တောင်းဆိုလိုက်ကြောင်း သိရသည်။

ဗန်းမော်မြို့နယ် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဌ ဦးစိုင်းတင်အောင်မှ လက်မှတ်ရေးထိုးတောင်းဆိုခြင်းဖြစ်ပြီး မိုးမောက်မြို့နယ်က တိုက်ပွဲများကြောင့် ရွာများအတွင်း လက်နက်ကြီးကျည် ကျရောက်သည့်အတွက် သံဃာတော်နှင့် ပြည်သူများ‌ သေဆုံးခြင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်ခြေများ ပျက်စီးဆုံးရှုံးမှုများရှိနေခြင်းကြောင့် ကျားနီပါတီမှ ယခုကဲ့သို့ တောင်းဆိုထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း နှစ်ဖတ်ပစ်ခတ်မှုများ လက်နတ်ကြီးများ လက်နတ်ငယ်များဖြင့်ပစ်ခတ်ခဲ့ရာ ဒေသခံတိုင်းရင်းသားတို့၏ နေအိမ်များ လက်နတ်ကြီးထိမှန်ခြင်းများလဲရှိခဲ့ပြီး လူများလဲ ထိခိုက်ဒဏ်ရာရသူများလဲရှိခဲ့သည်။

မကြာမီတွင် လယ်ယာ ထွန်ယက်စိုက်ပျိုးကြရတော့မည့်ဖြစ်ကြောင်း covid 19 ကပ်ရောဂါကြောင့်ဖြစ်ရသော အခတ်အခဲ နိင်ငံရေးအကြပ်အတည်းများကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် လယ်ယာစိုက်ပျိုးထုတ်လုပ်ရေးကို အဆင်ပြေစွာဆောက်ရွက်နိုင်ရန်လိုအပ်ကြောင်း စစ်မက်ကြောင့် လုပ်ငန်းခွင်ထိခိုက်မှုရှိလာပါက စီးပွားရေးလူမှုရေးနှင့် နေထိုင်စားသောက်ရေး ပိုမိုခက်ခဲကြပ်တည်းသွားနိုင်သောကြောင့် စစ်ဘေးရှောင်ပြည်သူများအား ထောက်ထားကာ သက်ဆိုင်ရာတာ၀န်ရှိသူများ ညှိနှိုင်ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်းကိုလဲ ရေးသားဖော်ပြထားသည်။

ဗန်းမော်မြို့နယ်အတွင်းရှိ ရှမ်းနီ၊ တိုင်းနေ စသည့် ရှမ်းတိုင်းရာသားကျေးရွာများအနီ တိုက်ပွဲဖော်ဆောင်နေခြင်းများရပ်တန့်ရန်၊ လူထုအားမထိခိုက်စေမည့် နည်းလမ်းများဖြင့် အဖြေရှာကြရန်၊ စိုက်ခင်းများနှင့် ကျေးရွာများအတွင်းသို့ လက်နတ်ကြီး/ငယ်များဖြင့် ပစ်ခတ်မှုရှောင်ရှားရန်၊ အရပ်သားပြည်သူများသေဆုံးခြင်း ထိခိုက်ဒဏ်ရာရခြင်း သာသနိကအဆောက်အဦးများနှင့် ဘုန်းတော်ကြီးကျောင်းများ ပျက်စီဆုံးရှုံးမှုများမဖြစ်စေရေ ရှောင်ရှားပေးရန်နှင့် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ပြည်သူများကို လူ့အခွင့်အရေးမချိုးဖောက်ရေး စသည်တို့ပါ၀င်သော အချက်  ၅ ချက်ပါသော တောင်းဆိုချက်များကိုလဲ ထည့်သွင်းရေးသားတောင်းဆိုထားသည်။

ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...