မြန်မာနိုင်ငံသားများကို ဗီဇာသက်တမ်းကုန်သွားပါကလည်း နိုင်ငံတွင် ဆက်နေခွင့်ပြုရန် ဂျပန်စီစဉ်

မြန်မာနိုင်ငံသားများကို ဗီဇာသက်တမ်းကုန်သွားပါကလည်း နိုင်ငံတွင် ဆက်နေခွင့်ပြုရန် ဂျပန်စီစဉ်

ဖေဖေါ်၀ါရီလ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ၏ ယိုယွင်းဆိုးရွားနေသော နိုင်ငံရေးအခြေအနေများအပေါ် တုံ့ပြန်သောအားဖြင့် ဂျပန်အာဏာပိုင်တို့သည် ယင်း၏နိုင်ငံတွင်ရှိနေသော မြန်မာနိုင်ငံသားများကို ၎င်းတို့ဗီဇာသက်တမ်းကုန်သွားပါကလည်း နိုင်ငံတွင် တရား၀င် ဆက်နေခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါခွင့်ပြုပေးမှုက နေရပ်ပြန်ရန် အခက်အခဲကြုံရနိုင်သော မြန်မာကျောင်းသား၊ ကျောင်းသူများနှင့် နည်းပညာဆိုင်ရာ အလုပ်သင်များအပေါ် အကျုံး၀င်စေမည်ဖြစ်သည်။

၎င်းတို့အနေဖြင့် ဂျပန်နိုင်ငံတွင် နောက်ထပ် ခြောက်လ သို့မဟုတ် ၁၂ လကြာ ပညာသင်ကြား သို့မဟုတ် အလုပ်လုပ်ကိုင်ရန် ရွေးချယ်နိုင်မည်ဖြစ်ကြောင်း ဂျပန်၏ လူ၀င်မှုကြီးကြပ်ရေး၀န်ဆောင်မှုအေဂျင်စီက မေလ ၂၆ ရက်တွင် လွှတ်တော်အမတ်များထံ ထုတ်ဖော်ခဲ့သည့် အစီအစဥ်များအရ သိရသည်။

အကယ်၍ မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေ တိုးတက်လာခြင်းမရှိပါက အဆိုပါ မြန်မာနိုင်ငံသားများအနေဖြင့် နောက်ထပ် ဗီဇာသက်တမ်းတိုးမှုအတွက် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဂျပန်အနေဖြင့် ဒုက္ခသည်များအတွက် စိစစ်စစ်ဆေးမှုလုပ်ငန်းစဥ်ကို အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်သလို ထိုအခြေအနေမဟုတ်ဘဲ နိုင်ငံတွင် နေထိုင်၊ အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံမှ လျှောက်ထားသူများကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှုအပေါ် ဆန့်ကျင်ပြောဆိုမှုတွက် တိုကျိုတွင်ရှိနေသည့် သံတမန်နှစ်ဦးကို မြန်မာအာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ရာထူးမှ ထုတ်ပယ်ခဲ့သည်။

ဂျပန်အစိုးရသည် ကျွမ်းကျင်အရည်အချင်းမြင့် ပရောဖက်ရှင်နယ်ပုဂ္ဂိုလ်များအတွက် သတ်မှတ်ထားသည့် ဗီဇာများကဲ့သို့ သံတမန်ဗီဇာများ ခွင့်ပြုပေးနိုင်ရန် စဥ်းစားလုပ်ဆောင်နေသည်။

၂၀၂၀ နှစ်ကုန်အထိ ဂျပန်တွင်နေထိုင်နေသော မြန်မာနိုင်ငံသား ၃၅,၀၄၉ ဦးရှိကြောင်း လူ၀င်မှုကြီးကြပ်ရေး ၀န်ဆောင်မှုအေဂျင်စီ၏ ပဏာမ ‌ဒေတာအချက်အလက်များအရ သိရသည်။

အလားတူ မတ်လကုန်အထိ လူပေါင်း ၂,၉၄၄ ဦးသည် နိုင်ငံရေးခိုလှုံခွင့်တောင်းခံရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

June 11, 2026
မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)က ယနေ့ (ဇွန်လ ၁၀ ရက်...
June 10, 2026
ပါခွီး — စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ရှိ လက်နက်ကိုင်များ ရှင်းလင်းရေးနှင့်...
June 9, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာတွင်...
June 8, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အုပ်စုက စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှု အရှိန်မြှင့်လာပြီး...