ရသေ့တောင်-ပုဏ္ဍားကျွန်းကားလမ်း မေလ ၂၁ ရက် ဖွင့်လှစ်မည်

ရသေ့တောင်-ပုဏ္ဍားကျွန်းကားလမ်း မေလ ၂၁ ရက် ဖွင့်လှစ်မည်
by -
နိရဥ္စရာ
ရသေ့တောင်နှင့်ပုဏ္ဍားကျွန်းအား ဆက်သွယ်ထားသည့် ၂၂ မိုင် ၆ ဖာလုံ အရှည်ရှိသည့် ကားလမ်းကို လာမည့် မေလ ၂၁ ရက်နေ့တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ကျော်ဇံက ပြောကြားသည်။

“ မနေ့က မေလ ၁၄ ရက်နေ့ အဲဒီလမ်းကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ တောဖျားချောင်းတံတားလည်း ပြီးစီးသွားပါပြီ။ လာမယ့် မေလ ၂၁ ရက်နေ့မှာ ရသေ့တောင်- ပုဏ္ဍားကျွန်းလမ်းကိုဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ၀န်ကြီးက နိရဥ္စရာသို့ ပြောကြားသည်။

သို့သော်လည်း ရသေ့တောင်ချောင်းကို တံတား မထိုးရသေးသဖြင့် ရသေ့တောင်မြို့ တစ်ဘက်ကမ်းထိသာရောက်ရှိမည်ဟု သိရသည်။

“ ရသေ့တောင်မြို့ ချောင်းတစ်ဖက်ကမ်းကို ကူးလိုက်တာနဲ့ ကားနဲ့ စစ်တွေကို လာလို့ ရပြီ။ ရန်ကုန်ကို သွားလို့ ရပြီ။ အရင်ကလို မြစ်ချောင်းတွေကို စက်လှေတွေနဲ့ ဖြတ်ပြီး လာစရာမလိုတော့ဘူး။ မိုးတွင်းမှာ ဆို ပိုအန္တရာယ်များတယ်။ အခုဆို ကားလမ်းပွင့်သွားရင် အချိန်တိုအတွင်းမှာ သွားလာလို့ ရပါပြီ” ဟု ၀န်ကြီးဦးအောင်ကျော်ဇံက ပြောကြားသည်။

၀န်ကြီးဦးအောင်ကျော်ဇံသည် မေလ ၁၄ ရက် နေ့လယ်ပိုင်းက ရသေ့တောင်-ပုဏ္ဍားကျွန်း လမ်းပေါ်ရှိ တံတားများ၊ လမ်းဖောက်လုပ်မှု အခြေအနေများကို စစ်ဆေးခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း လမ်းမှာ သာမန် ကျောက်ခင်းလမ်းအဆင့်သာ ရှိနေသေးသည်ဟု သိရသည်။

“ လမ်းကတော့ ကျောက်ချောလမ်း အဆင့်ဘဲ ရှိပါသေးတယ်။ နောက်နှစ်တွေမှာ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားပါမယ်။ ရသေ့တောင်ချောင်းတံတား အတွက်လည်း နောက်နှစ် ဘတ်ဂျက်ထဲမှပါအောင် လွှတ်တော်မှာ တင်ပြတောင်းခံသွားပါမယ်။ အခုကတော့ရသေ့တောင် တစ်ဘက်ကမ်း ပြားချောင်းကြီးကျေးရွာကနေ လိုင်းကားတွေနဲ့ စစ်တွေထိ ပြေးဆွဲနိုင်အောင် စီစဉ်နေပါတယ်။ အသေးစိတ်ကို နောက်မှဘဲ ပြောနိုင်ပါမယ်” ရသေ့တောင် မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြောကြားသည်။

ရသေ့တောင်- ပုဏ္ဍားကျွန်းလမ်းသည် ၂၂ မိုင် ၆ ဖာလုံသာရှိပြီး စီမံကိန်းအတွက် ဘတ်ဂျက် အလုံအလောက် မရမှုကြောင့် ကျောက်ခင်းလမ်း အဆင့်ကို (၇) နှစ်ခန့် ကြာအောင် ဖောက်လုပ်ခဲ့ရသည်ဟု သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...