မိုးညှင်းမြို့ အရှေ့တောင်ဘက်ရှိ KIA တပ်စခန်းများ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

မိုးညှင်းမြို့ အရှေ့တောင်ဘက်ရှိ KIA တပ်စခန်းများ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အရှေ့တောင်ဘက်ရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်စခန်းများသို့ စစ်ကောင်စီ၏တပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ KIA တပ်စခန်းများကို မိုးညှင်းမြို့နယ် နန်းမာမြို့ရှိ စစ်ကောင်စီ၏ အမြှောက်တပ်က မတ်လ ၂၆ ရက် နံနက် ၁၁ နာရီ၀န်းကျင်တွင် လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ကြားနေရတယ်။ ဗုံးကွဲတယ်ပဲထင်နေတာ။ ကျယ်တာတော့ အကျယ်ကြီးပဲ။ ဒီကနေတောင်ကြားရတယ်“ ဟု ဟိုပင်မြို့မှ ဒေသခံတစ်ဦးကပြောသည်။

အဆိုပါပစ်ခတ်မှုသည် စမ်းသပ်ပစ်ခတ်မှုဖြစ်ကြောင်း သတင်းများထွက်ပေါ်နေကာ ၄င်းတို့ပစ်ခတ်သည့် အရှေ့တောင်ဘက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်စခန်းရှိကြောင်း ဒေသခံများက ဆိုသည်။

“၁၁ လောက်ကနေစပြီး ကြားရတယ်။ ၁၂ နာရီထိုးခါနီးအထိ ပစ်နေတာ အစကတော့ ဗုံးပေါက်တယ်ပဲထင်တာ။ နောက်မှ နန်းမားအမြှောက်တပ်က လက်နက်ကြီးပစ်နေတယ်ဆိုပြီးသိရတာ“ ဟု မိုးညှင်းမြို့ ဒေသခံတစ်ဦးက ဆိုသည်။

နန်းမာမြို့ရှိ အမှတ် ၃၆၇ တပ်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နန်းမားမြို့တွင် အမှတ် ၃၈၅ နှင့် ၃၈၆ တပ်တို့ တပ်စခန်းများအထိုင်ထားထားကာ ထိုသို့ပစ်ခတ်မှုနှင့်ပတ်သက်၍ ထိခိုက်မှုအခြေအနေများကို ကြားသိရခြင်း မရှိသေးပေ။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...