ရေးမြို့နယ်ကတဆင့် အခြားနိုင်ငံများသို့အလွယ်တကူသွားလာနိုင်မည့် International မြို့ဖြစ်လာရန်မကြာတော့ကြောင်း မွန်ဝန်ကြီးချုပ်ဆို

ရေးမြို့နယ်ကတဆင့် အခြားနိုင်ငံများသို့အလွယ်တကူသွားလာနိုင်မည့် International မြို့ဖြစ်လာရန်မကြာတော့ကြောင်း မွန်ဝန်ကြီးချုပ်ဆို
by -
သံလွင်တိုင်းမ်
ရေးမြို့နယ်အနေဖြင့် အချက်အခြာကျသည့်မြို့နယ်တစ်မြို့နယ်အဖြစ် တစ်ကမ္ဘာလုံးက စောင့်ကြည့်နေရသည့်မြို့နယ်တစ်ခုဖြစ်ပြီး ရေးမြို့နယ်မှတဆင့် အခြားနိုင်ငံများသို့ အလွယ်တကူသွားလာနိုင်မည့် International မြို့ဖြစ်လာရန်မကြာတော့ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မေလ ၁၂ ရက်နေ့၊ နံနက်ပိုင်းက ရေးမြို့၊ ရွှေဆံတော်ဓမ္မာရုံတွင်ပြုလုပ်သည့်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်သူများနှင့်တွေ့ဆုံပွဲတွင် ပြောသည်။

'' ရေးမြို့နယ်က အခြားမြို့နယ်ထက်စာရင် အင်မတန်ထူးခြားတဲ့မြို့နယ်တစ်မြို့နယ်ဖြစ်ပါတယ်၊ ရေးမြို့နယ်ဟာ အင်မတန်ကို သယံဇာတပေါကြွယ်တဲ့နေရာဖြစ်သလို ပထဝီဝင်အရလည်း အင်မတန်ကို အချက်အခြာကျတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်၊
ဘယ်လောက်အချက်အခြာကျလဲဆိုလို့ရှိရင် တစ်ကမ္ဘာလုံးက စောင့်ကြည့်နေရတဲ့ မြို့နယ်တစ်မြို့နယ်ဖြစ်ပါတယ်၊ ရေးမြို့နယ်ကနေတဆင့် တစ်ခြားနိုင်ငံကို အလွယ်တကူသွားလို့ရမယ့် အင်တာနေရှင်နယ်မြို့တစ်မြို့ဖြစ်လာမှာ သိပ်မကြာတော့ပါဘူး အဲဒါအပြင်
ရေးမြို့နယ်မှာရှိတဲ့ ကမ်းခြေတွေအနေနဲ့လည်း မကျီးကမ်းခြေ၊ ကဗျာဝကမ်းခြေတွေက တစ်ချိန်ကျရင် ဖွံ့ဖြိုးတိုးတက်မယ့်နေရာဒေသတွေဖြစ်တဲ့အပြင်အခြားခြားသော စီမံကိန်းတွေလဲ အများကြီးရှိပါတယ်၊ အချို့စီမံကိန်းတွေဆိုရင်ကျွန်တော်ဒီတစ်ခေါက်မပြောနိုင်မယ်ဆိုပေမယ့် သေချာတဲ့အခါကျရင် နောက်တစ်ခေါက် ကျွန်တော်ပြောကြားမှာဖြစ်ပါတယ် '' ဟု ၄င်းက ပြောကြားသည်။

မြို့နယ်၏အနောက်ဘက်တွင် ထိုင်းနိုင်ငံ၊ ထိုင်းနိုင်ငံ၏အနောက်တွင် ကမ္ဘောဒီးယားနိုင်ငံရှိသည့်အတွက် ကမ္ဘာတွင် ယခုပြောဆိုနေကြသည့် one road one map အရှေ့အနောက်စင်္ကြန်လမ်း၊ ယင်းအရှေ့အနောက်စင်္ကြန်လမ်းက ဗီယက်နမ်နိုင်ငံ ဒန်နန်း၊ တရုတ်နိုင်ငံကူမင်းကစသည့်လမ််းကြောင်းမှာ ရေးမြို့နယ်ကိုရောက်ကြောင်း၊ ရေးမြို့နယ်မှတဆင့် အခြားနိုင်ငံများသို့ အလွယ်တကူသွားလို့ရမှာဖြစ်ကြောင်း ဒေါက်တာအေးဇံက ဆိုသည်။

" ၂၀၁၄ တုန်းက ဇေကမ္ဘာဦးခင်ရွှေရေးမြို့ခရီးစဉ်မှာ လာမယ့်ဆယ်စုနှစ်အတွင်းမှာ ရေးမြို့က စင်္ကာပူလိုဖြစ်လာမယ်လို့ပြောထားခဲ့ဖူးတယ်၊ ခုလို နိုင်ငံတော်အဆင့်ဝန်ကြီးချုပ်အနေနဲ့လည်း ခုလိုပြောလာတယ်၊ မဟာဗျူဟာအရ ရေလမ်း၊ ကုန်လမ်းတွေရဲ့ အချက်အခြာ နေရာတစ်ခုဖြစ်တယ်၊ အရင်းအမြစ်ကောင်းတွေလဲရှိလို့ ဒီလိုအလားအလာဖြစ်လာဖို့ ယုံကြည်နိုင်လောက်ပါတယ်၊ ကျွန်တော်တို့မြို့နယ်ရဲ့ဖွံ့ဖြိုးတိုးတက်စည်ပင်လာဖို့အတွက်လည်း မျှော်လင့်မိပါတယ် " ဟု ဦးအောင်နိုင်ဝင်းက သုံးသပ်သည်။

ရေးမြို့နယ်ကတဆင့် အခြားနိုင်ငံများသို့အလွယ်တကူသွားလာနိုင်မည့် International မြို့ဖြစ်လာရန်မကြာတော့ကြောင်း မွန်ဝန်ကြီးချုပ်ဆိုရေး ၊ မေ ၁၅ရေးမြို့နယ်အနေဖြင့် အချက်အခြာကျသည့်မြို့နယ်တစ်မြို့နယ်အဖြစ် တစ်ကမ္ဘာလုံးက စောင့်ကြည့်နေရသည့်မြို့နယ်တစ်ခုဖြစ်ပြီး ရေးမြို့နယ်မှတဆင့် အခြားနိုင်ငံများသို့ အလွယ်တကူသွားလာနိုင်မည့် International မြို့ဖြစ်လာရန်မကြာတော့ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မေလ ၁၂ ရက်နေ့၊ နံနက်ပိုင်းက ရေးမြို့၊ ရွှေဆံတော်ဓမ္မာရုံတွင်ပြုလုပ်သည့်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်သူများနှင့်တွေ့ဆုံပွဲတွင် ပြောသည်။

'' ရေးမြို့နယ်က အခြားမြို့နယ်ထက်စာရင် အင်မတန်ထူးခြားတဲ့မြို့နယ်တစ်မြို့နယ်ဖြစ်ပါတယ်၊ ရေးမြို့နယ်ဟာ အင်မတန်ကို သယံဇာတပေါကြွယ်တဲ့နေရာဖြစ်သလို ပထဝီဝင်အရလည်း အင်မတန်ကို အချက်အခြာကျတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်၊ဘယ်လောက်အချက်အခြာကျလဲဆိုလို့ရှိရင် တစ်ကမ္ဘာလုံးက စောင့်ကြည့်နေရတဲ့ မြို့နယ်တစ်မြို့နယ်ဖြစ်ပါတယ်၊ ရေးမြို့နယ်ကနေတဆင့် တစ်ခြားနိုင်ငံကို အလွယ်တကူသွားလို့ရမယ့် အင်တာနေရှင်နယ်မြို့တစ်မြို့ဖြစ်လာမှာ သိပ်မကြာတော့ပါဘူး အဲဒါအပြင်ရေးမြို့နယ်မှာရှိတဲ့ ကမ်းခြေတွေအနေနဲ့လည်း မကျီးကမ်းခြေ၊ ကဗျာဝကမ်းခြေတွေက တစ်ချိန်ကျရင် ဖွံ့ဖြိုးတိုးတက်မယ့်နေရာဒေသတွေဖြစ်တဲ့အပြင်အခြားခြားသော စီမံကိန်းတွေလဲ အများကြီးရှိပါတယ်၊ အချို့စီမံကိန်းတွေဆိုရင်ကျွန်တော်ဒီတစ်ခေါက်မပြောနိုင်မယ်ဆိုပေမယ့် သေချာတဲ့အခါကျရင် နောက်တစ်ခေါက် ကျွန်တော်ပြောကြားမှာဖြစ်ပါတယ် '' ဟု ၄င်းက ပြောကြားသည်။

မြို့နယ်၏အနောက်ဘက်တွင် ထိုင်းနိုင်ငံ၊ ထိုင်းနိုင်ငံ၏အနောက်တွင် ကမ္ဘောဒီးယားနိုင်ငံရှိသည့်အတွက် ကမ္ဘာတွင် ယခုပြောဆိုနေကြသည့် one road one map အရှေ့အနောက်စင်္ကြန်လမ်း၊ ယင်းအရှေ့အနောက်စင်္ကြန်လမ်းက ဗီယက်နမ်နိုင်ငံ ဒန်နန်း၊ တရုတ်နိုင်ငံကူမင်းကစသည့်လမ််းကြောင်းမှာ ရေးမြို့နယ်ကိုရောက်ကြောင်း၊ ရေးမြို့နယ်မှတဆင့် အခြားနိုင်ငံများသို့ အလွယ်တကူသွားလို့ရမှာဖြစ်ကြောင်း ဒေါက်တာအေးဇံက ဆိုသည်။

" ၂၀၁၄ တုန်းက ဇေကမ္ဘာဦးခင်ရွှေရေးမြို့ခရီးစဉ်မှာ လာမယ့်ဆယ်စုနှစ်အတွင်းမှာ ရေးမြို့က စင်္ကာပူလိုဖြစ်လာမယ်လို့ပြောထားခဲ့ဖူးတယ်၊ ခုလို နိုင်ငံတော်အဆင့်ဝန်ကြီးချုပ်အနေနဲ့လည်း ခုလိုပြောလာတယ်၊ မဟာဗျူဟာအရ ရေလမ်း၊ ကုန်လမ်းတွေရဲ့အချက်အခြာ နေရာတစ်ခုဖြစ်တယ်၊ အရင်းအမြစ်ကောင်းတွေလဲရှိလို့ ဒီလိုအလားအလာဖြစ်လာဖို့ ယုံကြည်နိုင်လောက်ပါတယ်၊ ကျွန်တော်တို့မြို့နယ်ရဲ့ဖွံ့ဖြိုးတိုးတက်စည်ပင်လာဖို့အတွက်လည်း မျှော်လင့်မိပါတယ် " ဟု ဦးအောင်နိုင်ဝင်းက သုံးသပ်သည်။ရေးမြို့နယ်အား ရေးခရိုင်အဆင့်တိုးမြှင့်နိုင်သတ်မှတ်နိုင်ရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်ကာ မြို့နယ်အတွင်း ဒေသဆိုင်ရာအချက်အလက်များကောက်ခံ၍ အထက်အဆင့်ဆင့်သို့ တင်ပြထားသည်။

ရေးမြို့နယ်အား ရေးခရိုင်အဆင့်တိုးမြှင့်နိုင်သတ်မှတ်နိုင်ရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်ကာ မြို့နယ်အတွင်း ဒေသဆိုင်ရာအချက်အလက်များကောက်ခံ၍ အထက်အဆင့်ဆင့်သို့ တင်ပြထားသည်။

ဓာတ်ပုံ-CJ
January 7, 2026
ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်နေတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာတွေထဲကို...
December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...