မူဆယ်မြို့ ဗုံး (၃) လုံးပေါက်ကွဲ

မူဆယ်မြို့ ဗုံး (၃) လုံးပေါက်ကွဲ

သျှမ်းမြောက် မူဆယ်မြို့တွင် ယနေ့ (မေ ၂၆) ရက် ညနေ ၃ နာရီခွဲဝန်းကျင်မှစတင်ကာ ဗုံး (၃) လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

“ဗုံးက ညနေ (၃) နာရီခွဲကနေ (၄) နာရီကြားမှာ (၃) လုံးပေါက်သွားတယ်။ ဆေးရုံရှေ့က ထ (၃) ကျောင်းဘေးမှာတလုံး၊ စရဖ ရုံးနားမှာ တလုံး၊ နောက်တလုံးကတော့ နေရာမသိသေးဘူး။ လူထိခိုက်မှုကတော့ မသိရသေးဘူး” ဟု မူဆယ်မြို့ဒေသခံတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့ ယနေ့ပေါက်ကွဲသည့် ဗုံး (၃) လုံးသည် မည်သည့်အဖွဲ့အစည်းမှ လာရောက်ပေါက်ကွဲသည်ကို မသိရှိရသေးကြောင်း ဒေသခံက ပြောသည်။

ယနေ့ (မေ ၂၆) ရက် မနက်ပိုင်းတွင်လည်း စစ်ရှောင်များအတွက် အလှူခံပေးနေသည့် မူဆယ်လူငယ် (၅) ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းကာ ဖမ်းဆီးသွားခဲ့ပြီး၊ ထိုလူငယ်များကို မည်သည့်နေရာ ခေါ်ဆောင်သွားသည်ကို မသိရှိသေးပေ။

သျှမ်းသံတော်ဆင့်သတင်းဌာနမှ အတည်ပြုချက်အရ မူဆယ်မြို့တွင်စစ်ကောင်စီမှ  ဖမ်းဆီခံထားရသူ စုစုပေါင်း ၄၁ ရှိပြီးဖြစ်ကြောင်း သိရသည်။

April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...
လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...
April 23, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ...
April 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု...