ဟိုပင်၀တ်ကုန်းတံတားဖောက်ခွဲခံရပြီး ကားသေးများဖြတ်သန်းနိုင်ရန် နန့်ရင်းရွာတွင် သစ်သားတံတား အသုံးပြုနိုင်

ဟိုပင်၀တ်ကုန်းတံတားဖောက်ခွဲခံရပြီး ကားသေးများဖြတ်သန်းနိုင်ရန် နန့်ရင်းရွာတွင် သစ်သားတံတား အသုံးပြုနိုင်

ဟိုပင် ၀က်ကုန်းတံတား ဖောက်ခွဲခံရပြီး ဟိုပင်မြို့ နန့်ရင်းရွာ တွင် သရက်ချောင်းကူးသစ်သားတံတား‌ေဆာက်လုပ်ထားပြီး ကားအသေးများဖြတ်သန်းနိုင်ကြောင်းသိရသည်။

"ကားသေးလေးနဲ့ဆို သွားလို့ရပါတယ်ဗျ၊ ဟိုပင်ရောက်ရင် အရှေ့ဘက် နန့်ရင်းရွာထဲဝင်လိုက်ပါ၊ ရွာလယ်မှာ မြစ်ကြီးနားသို့လို့ စာကပ်ထားပါတယ်၊ လမ်းချိုးလိုက်ရင် သရက်ချောင်းကူးတံတား၊ ပျဉ်တံတားအသစ်စက်စက်တစ်စင်း ရှိနေပါတယ်ဗျ၊ ကားကြီးတွေတော့ လမ်းမပေါက်သေးပါဘူး၊ တံတားဖွင့်ပွဲတောင် မလုပ်ရသေးဘူး၊ အလှူငွေလည်း ထည့်သွားလို့ရပါတယ်ဗျ" ဟု ဒေသခံတစ်ဦးက ဆိုသည်။

မေလ ၂၄ ရက် ညနေပိုင်းက ဟိုပင် ၀တ်ကုန်းတံတား မိုင်းခွဲတိုက်ခိုက်ခံရပြီး လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...