ဒီမော့ဆိုမြို့ တိုက်ပွဲပြင်းထန်ဆဲ၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

ဒီမော့ဆိုမြို့ တိုက်ပွဲပြင်းထန်ဆဲ၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

ဒီကနေ့ မေလ ၂၅ ရက်နေ့ နံနက် ၅ နာရီခွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဒီမော့ဆိုမြို့နယ်အတွင်းမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်မှုကျဆုံးမှုတွေရှိနေကာ KPDF ဖက်မှ နှစ်ဦးကျဆုံးပြီး ဒဏ်ရာရသူရှိတယ်လို့ မြေပြင်မှာရောက်ရှိနေသူတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

"KPDF လည်း ဒဏ်ရာရတယ် ဟုတ်တယ် ဒဏ်ရာသုံးယောက်ရတယ် နှစ်ယောက်ကျတယ်။ အဲ့ဖက် (စစ်ကောင်စီ) ဖက်တော့ မသိဘူး တင့်ကားပဲဖြတ်တိုက်တာ စောနက အခုတော့ တိုက်ပွဲတော့ နည်းနည်းတော့ပြန်ငြိမ်သွားပြီ။ တင့်ကား ၂ စီးတော့ ကျသွားတယ်" လို့ ၁၀ နာရီ ၁၀ မိနစ်မှာ အတည်ပြုပြောကြားပါတယ်။

ယခုပစ်ခတ်မှုမှာ အကြမ်းဖက်စစ်ကောင်စီဖက်က တင့်ကား၊ အမြောက်ကားသုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဆက်တိုက်ပစ်ခတ်နေတာကြောင့် KPDF ဖက်က ကျဆုံးထိခိုက်မှုရှိနေတယ်လို့ သိရပါတယ်။

"အခြေအနေအသေးစိတ်ကိုတော့ မသိသေးဘူး။ ခုက ပစ်နေတယ် ကျတော်တို့ ဒေါတမငယ်ဖက်မှာ ခုထိပစ်နေတုန်းပဲ။ လက်ရှိက ဒေါတမငယ်၊ ငွေတောင်ဆည်အောက်၊ ဒေါငံခါး၊ ပန်ကန်း ၄ နေရာ ပစ်နေကြတယ်။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြီးပစ်နေတာ။ လောလောဆယ် ရဟတ်ယာဉ်တစ်စီးလာနေတယ် လွိုင်ကော်ကနေ ဒီမော့ဆိုကို" လို့ လက်ရှိ ပစ်ခတ်မှုဖြစ်ပွားနေတဲ့နေရာကနေ KPDF တစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီဖက်ကနေ ရဟတ်ယာဉ်ပျံဝဲနေပြီး အဆိုပါတိုက်ပွဲမှာ နှစ်ဖက်လုံး အကျအဆုံးရှိနေပြီး အသေးစိတ်အခြေအနေကို မသိရှိရသေးပါဘူး။

စစ်ကောင်စီဖက်ကနေ လက်နက်ကြီးတွေနဲ့ ရက်တိုင်းပစ်ခတ်နေတာကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရတဲ့ပြည်သူ သောင်းချီရှိနေပြီဖြစ်ပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...