ချင်းတွင်းမြစ်အတွင်း ကျောက်စိမ်းသယ်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ရှမ်းနီအမျိုးသားတပ်မတော်က ပစ်ခတ်

ချင်းတွင်းမြစ်အတွင်း ကျောက်စိမ်းသယ်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ရှမ်းနီအမျိုးသားတပ်မတော်က ပစ်ခတ်

ချင်းတွင်းမြစ်အတွင်း ကျောက်စိမ်းသယ်လာသည့် စစ်ကောင်စီတပ်၏ ရေယာဉ်နှစ်စီးကို SNA ကပစ်ခတ်မှုကြောင့် ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဟုမ္မလင်းမြို့နယ် ထမံသီရေအားလျှပ်စစ်စီမံကိန်းဟောင်းအနီး တဇုန်းကျေးရွာနှင့် ဟင်နှောင်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှမ်းနီတပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြိးစိုင်းထွန်းက ရှမ်းနီအသံကိုပြောသည်။

“မနက် ၈ နာရီ ၉ နာရီလောက်မှာဖြစ်တယ်၊ အဓိကတော့ သူတို့စစ်တပ်ကပိုင်တဲ့ ဦးပိုင်ကုမ္ပဏိက ကျောက်တွေသယ်လာတယ်၊ အဲ့ဒီစစ်လှေနှစ်စီးပေါ့ အဲ့နှစ်စီးကိုပစ်တာ။ သူတို့က ဒီအခြေအနေကို အခွင့်အကောင်းယူပြီးတော့ လုပ်နေတာကို ကျွန်တော်တို့က လုံးဝလက်ခံနိုင်စရာ အကြောင်းမရှိဘူး” ဟု ၎င်းကဆိုသည်။

တိုက်ပွဲကြောင့် SNA ဘက်မှ ထိခိုက်မှုမရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ပြည်မမီဒီယာများတွင် စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုများရှိသည်ဟု ဖော်ပြနေကြသည်။

“စစ်တပ်က စစ်လှေပေါ်ကနေ လက်နက်ကြီးတွေနဲ့လည်း ပစ်ကြတယ်။ ဒီဘက်ကလည်း လက်နက်တွေနဲ့ အပြန်အလှန်ပစ်ကြတာ၊ စစ်တပ်ဘက်က စစ်လှေအသေးတွေနဲ့ရော လာပစ်ကြတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

စစ်ကောင်စီက ချင်းတွင်းမြစ်အထက်ပိုင်းဖြစ်သည့် ခန္တီးဒေသတွင် ယခုရက်ပိုင်းဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စစ်အင်အားတိုးချဲ့ထားခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း SNA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားမှု အကြိမ်ရေ ပိုမိုများလာခဲ့သည်။

ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...