ဘုရားရုပ်တုတော်များအား ဖျက်ဆီးသူ လူငယ်တစ်ဦး သံတွဲတွင် ဖမ်းဆီးထိန်းသိမ်းခံရ

ဘုရားရုပ်တုတော်များအား ဖျက်ဆီးသူ လူငယ်တစ်ဦး သံတွဲတွင် ဖမ်းဆီးထိန်းသိမ်းခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် သံတွဲမြို့နယ် ရွှေလှေတိုက်နယ် ဘုရားမော်ရွာ ငွေတောင် စေတီရှိ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးသဖြင့် မူဆလင် လူငယ် တစ်ဦးအား ရဲက ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သတင်းရရှိသည်။

သံတွွဲမြို့နယ် ရွှေလှေရဲစခန်း စခန်းမှူး ရဲအုပ် မောင်မောင်လေးက “ မနေ့က မနက်မှာ အဲဒီ ဘုရားတွေကို ဖျက်ဆီးတဲ့ ကောင်လေးကို ဖမ်းဆီးထိန်းသိမ်းပြီး အမှုဖွင့်ထားပါတယ်။ ဘုရားဖျက်တဲ့ အတွက် ရာဇသတ်ကြီး ပုဒ်မ ၂၉၅ နဲ့ အမှုဖွင့်ထားပါတယ်။ အသက်မပြည့်သေးတဲ့ အတွက် သံတွဲရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

၎င်းလူငယ်မှာ နေလင်းစိုး(ခ) စိုးမိုးဦး (၁၅) နှစ် (ဘ) ဦးစိုးခိုင်ထွန်း၊ ကမန်/အစ္စလာမ် ဖြစ်ပြီး သံတွဲမြို့နယ် လင်းသီကျေးရွာမှ ဖြစ်ကြောင်း စခန်းမှူးက အတည်ပြု ပြောဆိုသည်။

“ သူ့ကို လူတွေအားလုံးရှေ့မှာ စစ်ဆေးတော့ မေလ ၁၂ ရက်နေ့ နံနက် ၅ နာရီခန့်မှာ ဖျက်ဆီး မိတယ်လို့ ၀န်ခံပါတယ်။ ဘာကြောင့်လုပ်သလဲဆိုတော့ သူကရေရေရာရာ မဖြေဘူး။ စိတ်ထဲမှာ လုပ်ချင်စိတ်ဖြစ်လာတဲ့အတွက် ဖျက်ဆီးတယ်လို့သာပြောပါတယ်။ မိဘတွေ ပြောတာကတော့ အဲဒီ ကောင်လေးက စိတ်မှန်တဲ့ အခါ မှန်တယ်။ မမှန်တဲ့ အခါလည်း မမှန်ဘူးလို့ ပြောပါတယ်” ဟု စခန်းမှူး မောင်မောင်လေးက ဆက်လက် ပြောဆိုသည်။

လက်ရှိ အချိန်တွင် ၎င်းဘုရားဖျက်သူ နေလင်းစိုးအား ထိန်းသိမ်ထားပြီး ဥပဒေကြောင်းအရ အရေးယူနိုင်ရန် စီစဉ် လုပ်ဆောင်သွားမည်ဟု သိရသည်။

သူ၏ ဖျက်ဆီးမှုကြောင့် သံတွဲမြို့နယ် ရွှေလှေတိုက်နယ် ဘုရားမော်ရွာ ငွေတောင် စေတီရှိ ဗုဒ္ဓဆင်းတုတော် အနည်းဆုံး ၄ ပါး၏ ဦးတော်များ ကျိုးပျက်သွားခဲ့ကြောင်း သိရှိရသည်။

ရွာသားများမှ ဥပဒေကြောင်းအရ အရေးယူပေးရန် ရွှေလှေရဲစခန်းတွင် မေလ ၁၃ ရက်နေ့ နံနက်က အမှုဖွင့် တိုင်ကြားခဲ့သည်ဟု သိရသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...