မိုးရေကြီးရေလျှံဖြစ်နေသည့် သီပေါ ဝမ်းလီစစ်ရှောင်စခန်း

မိုးရေကြီးရေလျှံဖြစ်နေသည့် သီပေါ ဝမ်းလီစစ်ရှောင်စခန်း

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ ဝမ်းလီကျေးရွာစစ်ရှာင်စခန်းတွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွားကာ စစ်ရှောင် (၁၀၀) ကျော် အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

စစ်ဘေးရှောင်များသည် လွန်ခဲ့သည့်တလကျော်တွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် သူများဖြစ်ကြသည်။

ထိုစစ်ရှောင်များနေထိုင်သည့် တဲတွင် မိုးရေမလုံခြင်း၊ မိုးကြီးပါက ရေကြီးရေလျှံမှုဖြစ်သဖြင့် နေထိုင်ရန်အဆင်မပြေကြောင်း၊ ချက်စားရန်လည်း ခက်ခဲနေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများက ပြောသည်။

“မိုးရွာတော့ မိုးကာကနေ မိုးပက်တော့ အိပ်လို့မရဘူးပေါ့။ တဲထိုးနေတာဆိုတော့ မိုးယိုတယ်။ တဲထဲလည်း ရေတွေဝင်တော့ ချက်စားလို့လည်းမရ။ အရမ်းဒုက္ခရောက်နေတယ်” ဟု သီပေါမြို့ စစ်ဘေးရှောင်ကူညီပေးသည့် လူငယ်တစ်ဦးက ပြောသည်။

ဝမ်လီးကျေးရွာမှ စစ်ဘေးရှောင်များသည် ယခင်တွင် ဘုန်းကြီးကျောင်းထဲတွင် နေထိုင်ကြရာ ရက်ကြာလာသည့်အတွက် ဘုန်းကြီးကျောင်း အပြင်ဘက်ပြောင်းကာ ကိုယ်တိုင်တဲဆောက်နေနေကြသူများဖြစ်ကြသည်။

“မိုးကြီးရင် အဆင်မပြေဘူး။ မိုးရာသီဆိုရင်တော့ တော်တော်ဒုက္ခရောက်မယ်။ မိုးကာတွေက ရေကြီးမိုးကြီးဆိုရင် မလုံဘူးလေ။ စစ်ရေးကလည်း တင်းမာနေတော့ မပြန်ရဲကြသေးဘူး။ ရောက်နေတာ တလကျော်ပြီ” ဟု စစ်ရှောင်ကူညီနေသည့် အမျိုးသမီးက ပြောသည်။

ယခုရာသီတွင် စိုက်ပျိုးရေးလုပ်ဆောင်ရသည့် အချိန်ဖြစ်သဖြင့် ပြည်သူများသည် မိမိနေရပ်ကိုပြန်ကာ စိုက်ပျိုးရေးပြုလုပ်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးမပြုလုပ်ရပါက နောင်နှစ်အတွက် စားဝတ်နေရေး၊ ကလေးပညာရေး အခက်အခဲဖြစ်နိုင်ကြောင်း သိရသည်။

အလားတူ မေလ ၁၉ တွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း သီပေါမြို့နယ် နမ်လန့် ဝမ်းစိမ်းကျေးရွာအနီးတွင် တိုက်ပွဲပြင်ထန်းမှုကြောင့် ပြည်သူ (၂၅၀၀) ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...
လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...
April 23, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ...
April 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု...