CDM ဆရာ/ဆရာမများအား အကြမ်းဖက်စစ်ကောင်စီ၊ ပညာရေးမှူးနှင့် ကျောင်းအုပ်များက အမှုစစ်ဆေးရန်ကိစ္စရှိသည်ဟုဆိုကာ ချိန်းဆိုမှုများပြုလုပ်နေ

CDM ဆရာ/ဆရာမများအား အကြမ်းဖက်စစ်ကောင်စီ၊ ပညာရေးမှူးနှင့် ကျောင်းအုပ်များက အမှုစစ်ဆေးရန်ကိစ္စရှိသည်ဟုဆိုကာ ချိန်းဆိုမှုများပြုလုပ်နေ

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းတာကိုဆန့်ကျင်ပြီး CDM ပြုလုပ်ထားတဲ့ ပညာရေးဝန်ထမ်းတွေကို အကြမ်းဖက်စစ်ကောင်စီ၊ မြို့နယ်ပညာရေးမှူးနဲ့ ကျောင်းအုပ်တွေက အမှုစစ်ဆေးဖို့ ကိစ္စရှိတယ်လို့ပြောဆိုပြီး မေလ ၁၃ ရက်နေ့မှာ လာတွေ့ဖို့အတွက် ချိန်းဆိုနေတယ်လို့ သိရပါတယ်။



ကန်ကြီးထောင့်မြို့နယ်မှာ စစ်တပ်က အာဏာလုယူပြီး ဖေဖော်ဝါရီလကစတင် CDM ပြုလုပ်သူ ပညာရေးဝန်ထမ်း ၁၄၀ ခန့်ရှိခဲ့ပြီး ပညာရေးမှူး၊ကျောင်းအုပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီက ဖိအားပေးတာတွေကြောင့် လက်ရှိမှာတော့ CDM ပြုလုပ်သူဝန်ထမ်း ၈၀ ခန့်သာ ကျန်ရှိနေတယ်လို့ CDM ဆရာမတစ်ယောက်က ပြောပါတယ်။



"ကျောင်းအုပ်တွေကနေ အထက်တန်းကျောင်းမှာ အမှုစစ်ဖို့ဆိုပြီးခေါ်တာ သူတို့ဘက်က CDM မလုပ်တဲ့ ဆရာမ ၃ ယောက်ကိုလည်း သက်သေခေါ်ထားသေးတယ် ကျွန်မကတော့ မသွားပါဘူး၊ CDM တွေဆိုတာ ရေနစ်နေတဲ့မြန်မာပြည်ကြီးကို ဆွဲတင်နေတဲ့လက်တွေပဲ၊ လွှတ်မချလိုက်ကြပါနဲ့၊ တောင့်ခံထားပြီး ဆွဲတင်ကြပါ" လို့ အဲ့ဒီဆရာမက ဆက်လက်ပြောပါတယ်။



လက်ရှိအချိန်မှာတော့ အကြမ်းဖက်စစ်ကောင်စီဘက်က ဆရာ/ဆရာမတွေကို လာတွေ့ဖို့ ချိန်းဆိုတာတွေကို မေလ ၁၃ ရက်နေ့အထိ CDM ပြုလုပ်နေတဲ့ ဝန်ထမ်းတွေကတော့ တစ်ဦးတစ်ယောက်မှ သွားရောက်အစစ်အဆေးခံတာမျိုး မရှိခဲ့ဘူးလို့သိရပြီး ဆရာမတချို့ကတော့ ကန်ကြီးထောင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဝင်းမြင့်က ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားတာကြောင့် မြို့ပေါ်က ရှောင်တိမ်းနေကြတယ်လို့ သိရပါတယ်။

September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...
မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များအား တွေ့ရစဉ် / MOI)
September 1, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာရှိ စစ်အုပ်စုတပ် စစ်ကြောင်း ခြေကုပ်ယူထားသည့် စခန်းကို...
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများကို လှည်းဖြင့်သယ်ထုတ်နေစဥ် / ဗိဿနိုး ပြည်သူ့ ကာကွယ်ရေးတပ်မတော်
September 1, 2026
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၂၀ ခန့် ပါဝင်သည့် စစ်အုပ်စုတပ်စစ်ကြောင်းကို...