CDM လှုပ်ရှားမှုကြောင့် ဗ-က-သ များအဖွဲ့ချုပ် အဖွဲ့ဝင်ကျောင်းသား ၁၀၀ ခန့် ဖမ်းဆီးခံထားရ

CDM လှုပ်ရှားမှုကြောင့် ဗ-က-သ များအဖွဲ့ချုပ် အဖွဲ့ဝင်ကျောင်းသား ၁၀၀ ခန့် ဖမ်းဆီးခံထားရ

စစ်တပ်မှ အာဏာရယူသည့်အချိန်မှစပြီး ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်မှုကြောင့် ဗ-က-သ များအဖွဲ့ချုပ် အဖွဲ့ဝင်ကျောင်းသား ၁၀၀ ခန့် ဖမ်းဆီးခံထားရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်မှ တာဝန်ရှိသူကပြောသည်။

လက်ရှိ ဗ-က-သအဖွဲ့ချုပ် အဖွဲ့ဝင် ပခုက္ကူနည်းပညာတက္ကသိုလ်မှ ကိုသာထက်အောင်၊ ကိုဝေဖြိုးဟိန်း၊ ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဌ ဆလိုင်းလောရှိန်းကီးနှင့် အတွင်းရေးမှူး ကိုလင်းအောင်တို့မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)၊ (ခ) တို့ဖြင့် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံထားရသည်။

ယခု မေလ ၁၂ ရက်နေ့က မန္တလေးတိုင်း၊ မြင်းခြံနည်းပညာကောလိပ်မှ ဗ-က-သများအဖွဲ့ချုပ် အဖွဲ့ဝင် ကိုဇင်ကိုထွန်း တလုပ်မြို့တွင် ဖမ်းဆီးခံရပြီး စစ်ကြောရေးကာလမှာ သေဆုံးသွားခဲ့သည်။

စစ်အာဏာရှင်ဆန့်ရေးလှုပ်ရှားမှုတွင် ကျောင်းသားဖြစ်စေ၊ ဝန်ထမ်းဖြစ်စေ၊ ပြည်သူဖြစ်စေ ကျဆုံးသွားသူများအတွက် နွေဦးတော်လှန်ရေးတိုက်ပွဲကို နိုင်အောင်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ဗ-က-သများအဖွဲ့ချုပ် အတွင်းရေးမှူး ကိုထူးခန့်သော်က ပြောသည်။

“ဒီလူတွေဟာ ဒီမိုကရေစီအတွက် တစ်ဖက်တစ်လမ်းက လမ်းခင်းပေးခဲ့တဲ့ ကျောက်တုံးလေးတွေဖြစ်တယ်။ သူတို့တွေရဲ့ စတေးခဲ့မှုတွေကို အလာဟသမဖြစ်အောင်လို့ ကျွန်တော်တို့ရဲ့ အဖွဲ့ချုပ်အနေနဲ့လည်း ဒီတိုက်ပွဲကို နိုင်အောင်တိုက်မယ်လို့ ပိုင်းဖြတ်ချက်ရှိတယ်။ နိုင်အောင်တိုက်ဖို့အတွက်လည်း အကောင်းဆုံးကြိုးစားနေတယ်” ဟုဆိုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မေလ ၅ ရက်နေ့မှစတင်ကာ တက္ကသိုလ်ကျောင်းများ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များ၌ စစ်ကျွန်ပညာရေးစနစ် မလိုလားကြောင်း ကျောင်းသားများ ဆန္ဒဖော်ထုတ်လျက်ရှိသည်။

စစ်အာဏာရှင်၊ စစ်အုပ်ချုပ်ရေးယန္တရားမှာ နောက်ထပ်ကောင်းမွန်လာနိုင်သည့် အနေအထားမရှိသဖြင့် ကျောင်းသားပြည်သူတစ်ရပ်လုံးက ခုခံတွန်းလှန်ရန်လိုအပ်ကြောင်း ဗ-က-သများအဖွဲ့ချုပ် ဒု-ဥက္ကဌ ကိုအောင်ပြည့်စုံဖြိုးက ဆိုသည်။

“ဗကသကျောင်းသားတွေအပြင် ပြည်သူတွေက စစ်အာရှင်စနစ်ရယ်၊ စစ်အုပ်ချုပ်ရေးယန္တရားကို ကျွန်တော်တို့က ထင်ရှားမြင်နေရတယ်။ သူတို့ ဆက်လက်ပြီး အုပ်ချုပ်သွားမယ်ဆိုရင်လည်း ဒီထက်ဆိုးတဲ့အခြေအနေပဲ ဖြစ်နိုင်တယ်။ ဒီထက်ကောင်းလာမယ့် အလားအလားမမြင်ဘူး။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကို ရတဲ့နည်းနဲ့ ခုခံသွားဖို့လိုတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာရယူမှုစတင်သော ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မေလလ ၁၃ ရက်နေ့အထိ ရက်ပေါင်း ၁၀၂ ရက်တာကာလအတွင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ နှိမ်နင်းမှုကြောင့် ပြည်သူ ၇၈၈ ဦး သေဆုံးခဲ့ကာ ၅၀၂၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ သိရသည်။

ယခုကဲ့သို့ ထိခိုက်သေဆုံးမှုများရှိနေသော်လည်း မြန်မာနိုင်ငံအတွင်းက ပြည်သူတစ်ရပ်လုံးမှာ ယနေ့အချိန်ထိ မရပ်တန့်ဘဲ နည်းမျိုးစုံနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးကို လှုပ်ရှားနေကြခြင်းသည်။

ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...
PYA / ယခုနှစ်အတွင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး၏ လူမှုကူညီရေး ဆောင်ရွက်နေမှု။
September 1, 2026
ရခိုင်ပြည်အတွင်း လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်သတင်းအချက်အလက် ရရှိမှု...
August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...