ရခိုင်ရှိ ချင်းကျောင်းသားများ ကျောင်းမတက်ဘဲ CDM တွင်ပါဝင်ရန် ချင်းတက္ကသိုလ်ကျောင်းသား/ကျောင်းသူများအဖွဲ့က တိုက်တွန်းစာထုတ်ပြန်

ရခိုင်ရှိ ချင်းကျောင်းသားများ ကျောင်းမတက်ဘဲ CDM တွင်ပါဝင်ရန် ချင်းတက္ကသိုလ်ကျောင်းသား/ကျောင်းသူများအဖွဲ့က တိုက်တွန်းစာထုတ်ပြန်

ရခိုင်ပြည်အတွင်းရှိ ချင်းတက္ကသိုလ်ကျောင်းသား/ကျောင်းသူများအား စစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်သည့်အနေဖြင့် ကျောင်းမတက်ဘဲ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ရန် ချင်းတက္ကသိုလ်ကျောင်းသားကျောင်းသူများအဖွဲ့ (CUSR) က မေလ ၉ ရက်နေ့တွင် တိုက်တွန်းစာထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်းက CDM လုပ်နေသည့် တက္ကသိုလ်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်အတူ ရပ်တည်ကြောင်း ပြသည့်အနေဖြင့် ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း CUSR ဥက္ကဋ္ဌ မခင်ဇင်မေသန်းကဆိုသည်။

“အခုဆိုရင် တစ်နိုင်ငံလုံး CDM လုပ်နေကြတဲ့သူတွေရှိတယ်။ တချို့ ဆရာ/ဆရာမ၊ တက္ကသိုလ်ကျောင်းသားတွေဆိုရင် CDM ပြုလုပ်နေကြတယ်ပေါ့။ ဒီလိုအချိန်မျိုးမှာ ကျွန်မတို့ကလည်း သူတို့နဲ့အတူရပ်တည်ကြောင်း ပြတာဖြစ်တယ်” ဟု မခင်ဇင်မေသန်းက ပြောသည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်များကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက ကိုဗစ်ကြောင့် ရပ်နားထားခဲ့ရပြီး ယခု နိုင်ငံတော်ကော်စီမှ ကျောင်းများဖွင့်လှစ်ရန် ညွှန်ကြားချက်ဖြင့် မေလ ၅ ရက်နေ့မှစတင်ကာ တက္ကသိုလ်ကျောင်းများတွင် နောက်ဆုံးနှစ် ကျောင်းသူ/ကျောင်းသားများနှင့် မဟာတန်းကျောင်းသားများကို ဖွင့်လှစ်သင်ကြားလျက်ရှိနေသည်။

သို့သော် မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များတွင် စစ်ကျွန်ပညာရေးစနစ်မလိုလားကြောင်း ဆန္ဒပြသည့်အနေဖြင့် ကျောင်းသူ/ကျောင်းသားအများစုမှာ ကျောင်းတက်ရန် မလာရောက်ပဲရှိနေကြကြောင်း သိရသည်။

စစ်တွေတက္ကသိုလ်တွင်လည်း ယခုကျောင်းတက်ရောက်ရမည့် နောက်ဆုံးနှစ်ကျောင်းသားများနှင့် မဟာတန်းတက်ရောက်ရမည့် ကျောင်းသား/ကျောင်းသူစုစုပေါင်း ၉၁၁ ယောက်ရှိသည့်အနက် ၅၆၇ ဦးမှာ ကျောင်းတက်ရောက်လျက်ရှိပြီး ကျန်ကျောင်းသား ၃၅၄ ဦးမှာ ကျောင်းတက်ရောက်ခြင်းမရှိသေးကြောင်း စစ်တွေတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက DMG သို့ ပြောဆိုထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ကျောင်းတက်ရန်မရောက်ရှိသည့် တက္ကသိုလ် ၁၅ ခုမှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများအပါအဝင် ဆရာ/ဆရာမ ၁၆၈၃ ဦးမှာ တာဝန်မှ ယာယီရပ်နားခံထားရပြီး ယင်းအထဲတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေတက္ကသိုလ်နှင့် တောင်ကုတ်တက္ကသိုလ်တို့မှလည်း ၈၇ ဦးပါဝင်ကြောင်း သိရသည်။

စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...
လောင်တလိုင်မြို့ တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။ / DMG
September 3, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း၌ စက်တင်ဘာလ ၁ ရက်မှစ၍...
ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...