ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိ

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ထမံသီကျေးရွာအနီးတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ (မေလ ၆ ရက်) နေ့ခင်းပိုင်းက ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု SNA မှ တာဝန်ရှိသူတစ်ဦးက ရှမ်းနီအသံသို့ ပြောကြားသည်။



"ဒီနေ့လည် ထမံသီနားမှာ ထပ်ဖြစ်တယ်။ အထိအခိုက်တော့ မသိရသေးဘူး” ဟု ဗိုလ်မှူးကြီးစိုင်းထွန်းက ပြောကြားသည်။



ပြီးခဲ့သည့် မေလ ၅ ရက်‌နေ့၊ နံနက် ၈ နာရီအချိန်ကလည်း ခန္တီးမြို့နှင့် မိုင် ၃ဝ အကွာရှိ ကောင်းဟိန်ကျေးရွာအနီး နမ့်မိုင်းတောင်းချောင်းတွင် SNA နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။



“မနက် ၈ နာရီ ၁၅ လောက်မှာ ခန္တီးနဲ့ မိုင် ၃၀ အကွာမှာရှိတဲ့ ကောင်းဟိန်ရွာနားမှာဖြစ်တာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။



ထိုတိုက်ပွဲဖြစ်ပွားမှုကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ဖက်မှလည်း အတည်ပြုပြောကြားထားပြီး ခန္တီးမြို့နယ်အခြေစိုက် ခလရ ၅၂ နှင့် ဟုမ္မလင်းအခြေစိုက်တပ် ၂၂၂ ပူးပေါင်းတပ်ဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။



ထိတွေ့တိုက်ခိုက်မှုများအတွင်း အာဏာသိမ်းစစ်ကောင်စီဖက်မှ ၅ ဦးသေဆုံးပြီး ရှမ်းနီအမျိုးသားများတပ်မတော် (SNA) မှ တစ်ဦးဒဏ်ရာရကြောင်း မြောက်ပိုင်းအသံသတင်းအေဂျင်စီတွင် ရေးသားဖော်ပြထားသည်။



ပြီးခဲ့သည့်လ ဧပြီလ ၁၄ ရက်နေ့ကလည်း ဟုမ္မလင်းမြို့နယ်၊ စေတီဆိပ်ကျေးရွာအနီးတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...