KNU တပ်မဟာ (၅) နှင့် ထိတွေ့မှု၌ စစ်ကောင်စီကားတစ်စီး တိမ်းမှောက်၊ ကားပေါ်ပါ (၇) ဦးစလုံး သေဆုံး

KNU တပ်မဟာ (၅) နှင့် ထိတွေ့မှု၌ စစ်ကောင်စီကားတစ်စီး တိမ်းမှောက်၊ ကားပေါ်ပါ (၇) ဦးစလုံး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ (၅) လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား ယမန်နေ့ (မေလ ၄ ရက်) က ဖာပွန်မြို့အနီး ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ကားတစ်စီးတိမ်းမှောက်ခဲ့ရာ ကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇) ဦးစလုံး သေဆုံးသွားခဲ့ကြောင်း KNU ဘက်က ပြောသည်။

ယမန်နေ့ မွန်းတည့် (၁၂) နာရီဝန်းကျင်ခန့်တွင် ဖာပွန်မြို့ အရှေ့ဘက်ခြမ်းရှိ ဖာပွန်မြို့နှင့် ခေါပူစပ်ကြားတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် - KNLA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အကြား ရင်ဆိုင်ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး ၎င်းဖြစ်စဉ်၌ စစ်ကောင်စီဘက်မှာ ကားတိမ်းမှောက်ခဲ့ကြောင်း တပ်မဟာ (၅) ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီး စောကလယ်ဒို့က ယခုလိုပြောသည်။

၎င်းက “မနေ့ညနေပိုင်းက ကျနော်တို့ဆီကို သတင်းပေးပို့လာချက်အရ ကျနော်တို့လူတွေနဲ့ စစ်တပ်အကြား တိုက်ပွဲဖြစ်ပေါ်ခဲ့တယ်။ ဖာပွန်နဲ့ ခေါပူအကြားလောက်မှာဖြစ်တာ။ မွန်းတည့် ၁၂ ရီလောက်မှာ။ အဲ့ဒီဖြစ်စဉ်မှာ စစ်တပ်ဘက်က ကားတစ်စီးမှောက်သွားတယ်။ အဲ့ကားတစ်စီးမှာ လူ ၇ ယောက်ပါတယ်။ အဲ့ ၇ ယောက်စလုံး သေသွားတယ်။ ကားတစ်စီးလုံးလည်း ပျက်စီးသွားတယ်။ ကျနော်တို့ဘက်တော့ ထိခိုက်မှုမရှိဘူးလို့ သတင်းပို့လာကြတယ်” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ယမန်နေ့ညပိုင်းတွင်လည်း လေယာဉ်တစ်စီး ဝဲပျံလာပြီး ပစ်ခတ်မှုပြုလုပ်ခဲ့ခြင်းမရှိသေးကြောင်းနှင့် လက်ရှိအချိန်ထိ KNU ဘက်မှ ၎င်းတို့၏ ရိက္ခာလမ်းကြောင်းများကို ပိတ်ဆို့ထားသောကြောင့် စစ်ကောင်စီဘက်မှလည်း အရပ်သားသွားလာမှုလမ်းကြောင်းများကို ပြန်လည် တားမြစ်ပိတ်ဆို့ထားကြောင်း ဒု-ဗိုလ်မှူးကြီး စောကလယ်ဒို့က ဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့မှစ၍ ယခု မေလ ၄ ရက်နေ့အထိ KNU တပ်မဟာ (၅) နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပေါင်း ၄၀၇ ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက်မှ ၁၉၄ ဦးသေဆုံးပြီး ၂၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ရာ KNU ဘက်မှ ၉ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူတပ်မဟာ ၅ က ပြောသည်။

ထို့အပြင် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ၅၇၅ ကြိမ်၊ လေကြောင်းဖြင့် ၂၇ ကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး ဗုံးသီး (၄၇) လုံး ပစ်ချခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်မှုကြောင့် အရပ်သား ၁၄ ဦးသေဆုံးပြီး ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စာသင်ကျောင်းနှင့် လူနေအိမ်များအပါအဝင် ပြည်သူပိုင်ပစ္စည်းအမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ကေအဲန်ယူတပ်မဟာ ၅ စာရင်းအရ သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ကလည်း လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဝါ့ကလဲခိုနေရာတွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၄၀၈) တပ်ဖွဲ့ဝင်များကို တင်ဆောင်လာသည့်ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး အပြင်းအထန်ထိခိုက်မှုနှင့် သေဆုံးမှု ဖြစ်ပေါ်ခဲ့သေးသည်။

Photo: မတ်လ (၂၉) ရက်နေ့ကလည်း လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဝါ့ကလဲခိုနေရာတွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၄၀၈) တပ်ဖွဲ့ဝင်များကိုတင်ဆောင်လာသည့် ကားတစ်စီး တိမ်းမှောက်ခဲ့စဉ်။

May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...
May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...
Photo : KIC
May 1, 2026
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း စစ်အုပ်စု၏...