စစ်ကောင်စီ ရခိုင်ဒေသကို လေကြောင်း စစ်ဆင်ရေးလုပ်နေ

စစ်ကောင်စီ ရခိုင်ဒေသကို လေကြောင်း စစ်ဆင်ရေးလုပ်နေ

စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ် ထားသော်လည်း တဖက်တွင် ရခိုင်ဒေသ၌ လေကြောင်းတိုက်ခိုက်မှုများကို တောက်လျှောက် ပြုလုပ်လာနေသည်။

ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီးနောက် ကျောက်တော်၊ သံတွဲမြို့နယ်တို့ကို လေယာဉ်အုပ်စုဖြင့် ဗုံးကြဲနေသည့်အပြင် ရမ်းဗြဲ၊ တောင်ကုတ်မြို့နယ်တို့တွင်လည်း ရေကြောင်းလှုပ်ရှားမှု တိုးချဲ့ကာ ပစ်ခတ်မှုများ ရှိနေသည်။

သံတွဲမြို့နယ်၊ ငပလီမြို့ကို ဧပြီလ ၂၄ ရက်တွင် ဂျက်ဖိုက်တာ ၆ စီး၊ Y-12 လေယာဉ်များဖြင့် ဗုံးပတ်ကြဲခဲ့ပြီး ဧပြီ ၂၃ ရက်ကလည်း ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

“ဒေသခံတွေကတော့ အခုချိန်ထိ လေကြောင်းအန္တရာယ် စိုးရိမ်နေကြတာကို တွေ့မြင်နေရပါတယ်” ဟု သံတွဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဧပြီ ၂၂ ရက်ကလည်း ကျောက်တော်မြို့နယ်၊ အာကာတောင် တောင်တန်းတကြောနှင့် ပီချောင်းဒေသတို့ကို စစ်ကောင်စီက Y-12 ဖြင့် အကြိမ်ကြိမ် ကင်းထောက်ပြီး ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ အလုံး ၁၀ ထက် မနည်းတိုက်ခိုက်ခဲ့သည်။

ကျောက်တော်မြို့နယ်တွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့်အတူ ထပ်မံ၍ Y-12 လေယာဉ်ဖြင့် ကင်းထောက်မှုများ ရှိနေသည့်အတွက် ဒေသခံများကြား လေကြောင်းအန္တရာယ် စိုးရိမ်မှု မြင့်တက်နေကြသည်။

“လေကြောင်းဗုံးကြဲမှုထဲမှာဆို ကျောက်တော်မြို့နယ်က အများဆုံးပဲ။ အခုကြားနေရတဲ့ သတင်းတွေ အရဆို ဗုံးကြဲတာ လေယာဉ်တစ်စီးတည်း မဟုတ်ဘဲ အုပ်စုလိုက်ဆိုတော့ အတော်လေးကို စိုးရိမ်မိ ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဗုံးကြဲမှုဆို လူတွေက ကြောက်လန့်နေကြတာ။ အခုလည်း ကင်းထောက် လေယာဉ်တွေ ဝဲတာရှိတော့ သတိထားရတယ်” ဟု ကျောက်တော်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဒု ဗိုလ်ချုပ်ကြီး ထွန်းဝင်း လေတပ်ချုပ်ဖြစ်လာပြီးနောက် နိုင်ငံတဝန်း ဗုံးကြဲတိုက်ခိုက်မှုများ အရှိန်မြှင့်ပြင်းထန်လာမှုနှင့်အတူ အရပ်သားထိခိုက်သေဆုံးမှုများလည်း နေ့စဉ်တိုးလာနေသည်။

ဧပြီ ၂၀ ရက်ကစပြီး ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးရန် စစ်ကောင်စီက ဖိတ်ခေါ်ထားပြီး NCA လက်မှတ်ရေးထိုးထားသည့် KNU၊ CNF၊ ABSDF တို့အပြင် လက်မှတ်မထိုးထားသည့် တိုင်းရင်းသားတပ်များ၊ PDF တို့ကိုပါ ဖိတ်ခေါ်ထားသည်။

စစ်ကောင်စီက ငြိမ်းချမ်းရေးစကားပြောဆိုပြီး တစ်ဖက်တွင် နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်နေသဖြင့် အရပ်သား ထိခိုက်သေဆုံမှု နေ့စဉ်မြင့်တက်လာသည်ကို တွေ့ရသည်။

“တစ်ဖက်မှာ ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်နေတယ်လို့ ဟန်ပြနေပေမဲ့ လက်တွေ့မြေပြင်မှာတော့ အာဏာတည်မြဲရေးအတွက် အကြမ်းဖက်မှုကို ပိုမိုတိုးမြှင့်လုပ်ဆောင်နေပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုဟာ စစ်ရေးအရ အချိန်ဆွဲခြင်းသာ ဖြစ်တယ်ဆိုတာကို သက်သေပြနေပါတယ်။” ဟု ၈၈ မျိုးဆက် ရခိုင်ကျောင်းသားခေါင်းဆောင်တစ်ဦးက ရှုမြင်သည်။

တဆက်တည်း၌ အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် မြို့နယ်များအပါအဝင် မြို့နယ်ပေါင်း ၆၀ ကို စစ်အုပ်ချုပ်ရေးကြေညာကာ ထိုးစစ်များတိုးမြှင့်ရန် စစ်ကောင်စီက စီစဉ်နေသည်။

ရခိုင်ပြည်တွင်လည်း AA ထိန်းချုပ်ဒေသများကို ပြန်လည်ရရှိရန် စစ်ကောင်စီက မြေပြင်၊ လေကြောင်းအပြင် ရေပြင်ကနေ အသည်းအသန်ကြိုးပမ်းနေသည်။

May 16, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းမှ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် AA...
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်မှ စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
May 15, 2026
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ် ကလေးကျေးရွာအတွင်း အထိုင်ချထားသည့် စစ်တပ် စခန်းကို AA...
AA တပ်ဖွဲ့ဝင်များအား မောင်တောနယ်စပ်တစ်နရာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက တွေ့ရစဉ်။
May 14, 2026
ဘင်္ဂလားဒေ့ရှ် - ရခိုင် နယ်နိမိတ်ချင်းထိစပ်နေသည့် မောင်တောနယ်စပ်ဒေသ လုံခြုံရေးကို အာရက္ခတပ်တော်...
May 13, 2026
ရခိုင်ပြည် အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ...