မာန်အောင်မြို့တွင် ပြည်သူ့စစ်ပြန်လည်ဖွဲ့စည်းရန် နိုင်ငံတော်ကောင်စီမှ လူစာရင်းကောက်ယူ

မာန်အောင်မြို့တွင် ပြည်သူ့စစ်ပြန်လည်ဖွဲ့စည်းရန် နိုင်ငံတော်ကောင်စီမှ လူစာရင်းကောက်ယူ

မာန်အောင်မြို့နယ်တွင် ပြည်သူ့စစ်ပြန်လည်ဖွဲ့စည်းနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ လူစာရင်းကောက်ယူလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ယခင်က ကျေးရွာအုပ်စုတစ်ခုလျင် လူ ၃၀ ဦးဖြင့် ပြည်သူ့စစ်ကို ဖွဲ့စည်းပေးခဲ့သော်လည်း လက်ရှိတွင် အဖွဲ့ဝင်တချို့ သေဆုံးမှုများမှုများရှိသဖြင့် အစားထိုးနိုင်ရန် လူစာရင်းကောက်ယူရခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျန်အေး ကပြောသည်။

"ဒါက အရင်ကတည်းကပင် အုပ်စုတစ်ခုမှာ အယောက် ၃၀ စီ စာရင်းပေးဖွဲ့စည်းထားတာရှိတယ်။ အဲဒီထဲမှာ တစ်ချို့ သေဆုံးသွားတဲ့သူတွေရှိတယ်။ အဲဒါကို ပြန်ဖြည့်ဖို့အတွက်ပဲဖြစ်တယ်” ဟု ပြောသည်။

ပြည်သူ့စစ်ပြန်လည်ဖွဲ့စည်းရန် လူစာရင်းများ ကောက်ခံယူနေခြင်း၊ ပြည်သူ့စစ်ပြန်လည်ဖွဲ့စည်းခြင်းအပေါ် ဒေသခံများအနေဖြင့် စိုးရိမ်နေကြသလို ဝေဖန်မှုများလည်းရှိနေကြောင်း လုံခြုံရေးအရ အမည်မဖေါ်လိုသည့် ဒေသခံတစ်ဦးကဆိုသည်။

“ဝင်မယ့်သူတွေကတော့ စိုးရိမ်စိတ်တွေ အများကြီးရှိတယ်။ အခုလိုလုပ်တာက စစ်တပ်မှာ အင်အားမရှိတော့လို့ ပြည်သူကို အကူရှာတာလားဆိုတဲ့ အမြင်မျိုးကိုမြင်မိတယ်" ဟု ဆိုသည်။

ယခုလို ပြည်သူ့စစ်ပြန်လည်ဖွဲ့စည်းခြင်းမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါဝင်သည့်အတွက် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်းလည်း အမည်မဖေါ်လိုသည့် ဒေသခံတစ်ဦးကဆိုသည်။

“၂၀၀၈ မှာက ပါပြီးသား ပြည်သူ့စစ်ကို တပ်မတော်မှ ဖွဲ့စည်းနိုင်သည်ဆိုတာ ပါပြီးသား။ ဒါ့ကြောင့် အခုဖွဲ့စည်းတာဟာ ဥပဒေအတိုင်းလုပ်ဆောင်တယ်လို့မြင်တယ်။ ဘာလို့လဲဆိုတော့ ၂၀၀၈ ဥပဒေကို မဖျက်သေးလို့ပဲ” ဟု ဆိုသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၀ တွင် "တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေး၊ ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်လာရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ဦးဆောင်မှုဖြင့် ပြည်သူ့စစ် မဟာဗျုဟာကို ဖေါ်ဆောင်ရမည်" ဟုပါရှိသည်။

မာန်အောင်မြို့နယ်တွင် ကျေးရွာအုပ်စု ၃၆ အုပ်စု၊ မြို့ပေါ် ၅ ရပ်ကွက် ကျေးရွာပေါင်း ၁၃၆ ရွာရှိကြောင်းလည်း သိရသည်။

ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...
PYA / ယခုနှစ်အတွင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး၏ လူမှုကူညီရေး ဆောင်ရွက်နေမှု။
September 1, 2026
ရခိုင်ပြည်အတွင်း လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်သတင်းအချက်အလက် ရရှိမှု...
August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...