နိုင်ငံ့ဝန်ထမ်းများ ပြည်သူဘက် လာရောက်ပူးပေါင်းပေးရန် ဝင်းရော်သပိတ်စစ်ကြောင်း တောင်းဆို

နိုင်ငံ့ဝန်ထမ်းများ ပြည်သူဘက် လာရောက်ပူးပေါင်းပေးရန် ဝင်းရော်သပိတ်စစ်ကြောင်း တောင်းဆို

စစ်ကောင်စီတို့၏ အုပ်ချုပ်မှုအောက်တွင် အခြေအနေအမျိုးမျိုးကြောင့် ပါဝင်နေရသည့် နိုင်ငံ့ဝန် ထမ်းများအနေဖြင့် အာဏာရှင်စနစ်အောက် ရုန်းထွက်ပြီး ပြည်သူဘက် လာရောက်ပူးပေါင်းပေးရန် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်သပိတ်စစ်ကြောင်းမှ ယမန်နေ့ မေလ ၁ ရက်နေ့တွင် စုပေါင်းတောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။  

မတရား ဖမ်းဆီးခံထားရသူများ အမြန်ဆုံးပြန်လွတ်ပေးရေး၊ ဖယ်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးနှင့် အာဏာရှင်စနစ်အောက်တွင် ပိတ်မိနေသည့် နိုင်ငံ့ဝန်ထမ်းများအားလုံး ပြည်သူဘက် ရပ်တည်ကာကွယ်ပေးရန် ၎င်းတို့ ဆန္ဒထုတ်ဖော်ပွဲတွင် ကြွေးကြော်သည်။

“ နိုင်ငံ့ဝန်ထမ်းတွေ အားလုံးကို ကျနော်တို့စောင့်မျှော်နေပါတယ်။ ပြည်သူတွေနဲ့အတူ လာရောက်ပူးပေါင်းဖို့ ကျနော်တို့ဘက်က ကြိုဆိုပါတယ်။ ဌာနဆိုင်ရာအားလုံး ကာကွယ်ရေးကအစ အမှန်တရားအတွက် တိုက်ပွဲဝင်ဖို့ ပြည်သူနဲ့အတူ လာရောက်ပူးပေါင်းပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်” ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင်သူ လူငယ်တစ်ဦးက ကေအိုင်စီ သို့ပြောသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်မှ နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက်  စစ်အာဏာရှင်စနစ်အောက်တွင် တာဝန်မထမ်းဆောင်လိုသည့် နိုင်ငံ့ဝန်ထမ်းအလွှာအသီးသီးမှ အာဏာဖီဆန်ရေး (CDM) လုပ်ဆောင်မှုပြုလုပ်ကြပြီး စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် အခြေအနေအမျိုးမျိုးကြောင့် တာဝန်ထမ်းဆောင်နေရသည့် နိုင်ငံ့ဝန်ထမ်းများလည်း ရုန်းထွက်လာကြရန် ဝင်းရော်ဒေသရှိ ဝန်ထမ်းများက ကေအိုင်စီသို့ပြောသည်။

May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...
May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...
Photo : KIC
May 1, 2026
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း စစ်အုပ်စု၏...