တံခွန်တိုင်ရဲစခန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အချို့ ပြန်ရုတ်သိမ်း

တံခွန်တိုင်ရဲစခန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အချို့ ပြန်ရုတ်သိမ်း

ကြာအင်းဆိပ်ကြီးမြိုနယ် ခလယ်-တံခွန်တိုင်တိုက်နယ် ရဲစခန်းဝင်းတွင် လာရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် တပ်သားအချို့ ဧပြီလ ၃ဝရက်၊ ယမန်နေ့က ပြန်လည်ရုတ်သိမ်းသွားခဲ့ကြောင်း ကျေးရွာတာဝန်ရှိသူ များထံမှ သိရသည်။

“ဒီနေ့ ၁၂နာရီလောက်မှာ အရာရှိအချို့နဲ့ တပ်ဖွဲ့ဝင်တွေ ပြန်သွားကြတယ်။ အပြန်မှာ ခလယ်ရွာလယ်အဝိုင်းမှာ သူတို့ သေနတ်တွေ မောင်းတင်ပြီး လုံခြုံရေးနေရာယူကြတော့ ရွာသားတွေလည်း လန့်ကုန်ကြတယ်။ နယ်ခြားစောင့်တပ်က ရှေ့ကနေ လုံခြုံရေးယူပေးပြီးတော့ ပြန်ဆင်းသွားတယ်။”ဟု ဝင်းရော်ဒေသ ကျေးရွာတာဝန်ရှိသူက ကေအိုင်စီသို့ ပြော သည်။

အဆိုပါတပ်များသည် ကျေးရွာအတွင်း လာရောက်တပ်စွဲပြီးနောက်ပိုင်း တိုက်ပွဲများဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် ဒေသခံများက ၎င်းတို့၏ ရာဘာအစေးခြစ်လုပ်ငန်းများနှင့် လယ်ယာလုပ်ငန်းများ ရပ်နားထားခဲ့ရပြီး ကျေးရွာအတွင်းရှိ ဒီမိုကရေစီအရေး တောင်းဆိုသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းအချို့လည်း ထွက်ပြေးတိမ်ရှောင်နေရသည်ဟု ဒေသခံများ ထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၅ရက်နေ့ ညအချိန်တွင် စစ်ကောင်စီတပ် ခလရ(၂၈၃)တပ်ရင်းနှင့် အမှတ်(၁၀၂၁)နယ်ခြားစောင့်တပ် ဖွဲ့တို့ ပူးပေါင်း၍ တံခွန်တိုင်ရဲစခန်း၌ လာရောက်တပ်စွဲထားခဲ့ပြီး ဧပြီလ ၃၀ရက်၊ ညနေ ၅နာရီတွင် ရဲစခန်းဝင်းရှိ စစ် ကောင်စီလုံခြုံရေးအဖွဲ့က လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်သည်ကို ကြားခဲ့ရကြောင်း ဒေသခံများက ပြောဆိုသည်။

May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...
May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...
Photo : KIC
May 1, 2026
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း စစ်အုပ်စု၏...