KNU တပ်မဟာ(၁)တွင် စစ်ကောင်စီတပ်နှင့်အတူ BGF ပါဝင်လာ၊ ပစ်ခတ်မှု နေ့စဉ်ဖြစ်ပွား

KNU တပ်မဟာ(၁)တွင် စစ်ကောင်စီတပ်နှင့်အတူ BGF ပါဝင်လာ၊ ပစ်ခတ်မှု နေ့စဉ်ဖြစ်ပွား

ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး၏ သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီနှင့်အတူ နယ်ခြား စောင့်တပ်-BGF တပ်ဖွဲ့များ ပါဝင်လာပြီးနောက်ပိုင်း KNU တပ်မဟာ(၁) လက်အောက်ခံတပ်ဖွဲ့နှင့် ပစ်ခတ်မှုများ နေ့စဉ် ဖြစ်လာနေသည်ဟု KNU ဒေသခေါင်းဆောင်များထံမှ သိရသည်။

ဧပြီလ ၂၃ရက်နေ့မှစ၍ ဧပြီလ ၃၀ရက်နေ့ မနက်အချိန်ထိ တပ်မဟာ(၁)နယ်မြေတွင် ပစ်ခတ်မှုများ နေ့စဉ် ဖြစ်ပွား လျက်ရှိလာပြီး စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် BGF ပူးပေါင်းကာ ပြည်သူလူထု နေထိုင်သည့်ရွာထဲသို့ ပစ်မှတ်ထား ပစ်ခတ်မှုရှိနေကြောင်း KNU သထုံခရိုင်၊ အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ယခုလို ပြောသည်။

“တိုက်ပွဲက နေ့တိုင်းလိုပဲ ဖြစ်တယ်။ မကျေနပ်ရင် လက်နက်ကိုင်အချင်းချင်းကို တိုက်တာမဟုတ်ဘဲ ပြည်သူလူထု နေထိုင်တဲ့ ရွာတွေထဲမှာ သေနတ်ကြီးဝင်ပစ်တယ်။ မနေ့ညတုန်းကလည်း အမှတ်(၉) ဝင်းပတပ်စခန်းကနေပြီး ထုံးဘို နို့ဖာလဲ့ရွာကို ပစ်တယ်။ ဒေါင်းရွာဘက်မှာလည်း ပစ်တာရှိတယ်။ နစ်နာစရာရှိရင် ပြည်သူပဲ ပြန်နစ်နာတယ်။ စစ်ကောင်စီက အာဏာမြဲဖို့ သူတို့အပေါင်းအပါတွေကလည်း သူတို့ကို ဝိုင်းရံပြီး ကူညီနေမှာပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါစစ်ကောင်စီမှ ကျေးရွာအတွင်း လက်နက်ကြီး လက်နက်ငယ်နှင့် ရမ်းသမ်းပစ်ခတ်နေသည့်အတွက် လူနေအိမ် များကို ထိမှန်သဖြင့် ကျေးရွာအတွင်းရှိ သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးသူငယ်များမှာ အခြားနေရာသို့ ပြောင်း ရွှေ့ခိုလှုံနေရသည်။

KNU တပ်မဟာ(၁)၊ သထုံခရိုင်အတွင်းရှိ မြို့နယ် ၄မြို့နယ်တွင် ပစ်ခတ်မှု နေ့စဉ် ဖြစ်ပွားလာသလို ဘီးလင်းမြို့နယ်မှ လွှဲ၍ ကျန်သည့် သထုံ၊ ကျိုက်ထိုနှင့် ဖားအံမြို့နယ်(ဒုံသမိချောင်းအရှေ့ဖက်)တို့တွင် ပစ်ခတ်မှုအပြင် စစ်ကောင်စီနှင့်  BGF မှ တပ်အင်အား တိုးချဲ့မှု ပိုများလာကြောင်း သိရသည်။

“မနေ့တုန်းက ဗိုလ်ချစ်သူ BGF တပ်က အင်အားအမြောက်အများနဲ့ ကား ၁၀စီးကျော်လောက်ရှိတယ်။ ရွှေဂွန်းတစ်ဖက် ကမ်းကို ကမ်းကူးပြီး တပ်မဟာ(၁)ထဲကို ခိုးဝင်လာတယ်။ ပြီးတော့ မနေ့ညက ထီးလဘောဘက်မှာ BGFနဲ့ တိုက်ပွဲတွေ ဖြစ်တယ်။ ဒီမနက် အဲဒီရွာရဲ့အပေါ်(အပေါ်ဘက်နား)မှာ ပြန်ဖြစ်တယ်။”ဟု ပဒိုစောစိုးမြင့်က ဖြည့်စွက်ပြောဆိုသည်။

ဧပြီလ ၂၃ရက်နေ့က ဘီးလင်းမြို့နယ် ရွှေရောင်ပြ၊ မရမ်းကုန်းရွာဘက်တွင် စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း လက် နက်ကြီးနှင့် ပစ်ခတ်သည့်အတွက် ဒေသခံပြည်သူလူထု ၁ဦး ဒဏ်ရာရရှိပြီး ၁ဦး သေဆုံးသွားခဲ့သည်ဟု သိရသည်။

ထိုနေ့တွင်ပင် ရန်ကုန်-သထုံလမ်းမကြီးဘေးတွင် ဒေသခံလူထု ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့-NUG ထောက်ခံပွဲတွင် လုံခြုံရေးယူပေးသည့် KNLA တပ်မဟာ(၁) လက်အောက်ခံတပ်ဖွဲ့နှင့် ထောက်ခံပွဲနေရာသို့ တက်လာ သည့် စစ်ကောင်စီတပ်တို့ကြား ထိပ်တိုက်တွေ့ဆုံ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိသည်ဟု သိရသည်။

May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...
May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...
Photo : KIC
May 1, 2026
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း စစ်အုပ်စု၏...