အာဏာသိမ်းစစ်ကောင်စီက ဖားကန့်မြို့သို့ တင်ပို့နေကြတဲ့ စက်သုံးဆီများအဝင်များကို ရပ်တန့်

အာဏာသိမ်းစစ်ကောင်စီက ဖားကန့်မြို့သို့ တင်ပို့နေကြတဲ့ စက်သုံးဆီများအဝင်များကို ရပ်တန့်

ဖားကန့်ရတနာမြေအတွင်း ဒီကနေ့ ဧပြီလ ၂၈ရက်နေ့မှစပြီး အာဏာသိမ်းစစ်ကောင်စီက ဖားကန့်မြို့သို့ တင်ပို့နေကြတဲ့ စက်သုံးဆီများအဝင်များကို ရပ်တန့်လိုက်ပြီ ဖြစ်ပါတယ်။

ဒီလို စက်သုံးဆီများကို ရပ်တန့်လိုက်တဲ့အတွက် ဖားကန့်မြို့တွင်းက  ဆီအရောင်းဆိုင်များမှ မိမိတို့ရဲ့ လက်ကျန်ဆီများကို တစ်ဂါလံ ၉၀၀၀ ကျပ်နှုန်းနဲ့ ဈေးတင်ရောင်းချနေကြတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အရင်ကတော့ ဖားကန့်ရတနာမြေမှာ 92 ဓါတ်ဆီ တစ်ဂါလံက ၄၅၀၀ ကျပ်နှုန်းရှိပေမယ့် အခုအခါမှာတော့ ဆီဆိုင်ပိုင်ရှင်များက လက်ကျန်ဆီများကို ဈေးတင်ရောင်းနေတာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဆီအဝင်တွေကို ရပ်တန့်ထားတဲ့အတွက် ဆီဈေးမြင့်တက်လာပေမယ့် အချို့စက်သုံးဆီဆိုင်များမှာတော့ ရောင်းချစရာ ဆီလက်ကျန်တောင် မရှိတော့ဘူးလို ဒေသခံများက ဆိုကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီကနေ အခုလို ဖားကန့်ကိုတင်ပို့နေတဲ့ စက်သုံးဆီတွေကို ရပ်တန့်လာပြီးတဲ့နောက်ပိုင်း အခြားကုန်စည်များပါ ဆက်လက်ပြီး အဝင်တင်ပို့မှု ရပ်တန့်လာမှာကို ဒေသခံများက စိုးရိမ်နေကြပြီး ရိက္ခာကြိုတင်စုဆောင်းသူများပါရှိလာနေကြတယ်လို့ ဆိုပါတယ်။

ဖားကန့်ရတမာမြေက ကျောက်စိမ်းတွင်းများကိုသာ အဓိကထားကာ တူးဖော်နေကြတဲ့ ကျောက်လုပ်ကွက်မှော်ကြီးများဖြစ်တဲ့အတွက် ဒေသအတွင်း လိုအပ်တဲ့ စားနပ်ရိက္ခာအပြင် အခြား ကုန်စည်များကို အခြားဒေသများမှ မှာယူတင်သွင်းနေကြရတာဘဲ ဖြစ်ပါတယ်။

September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...
မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များအား တွေ့ရစဉ် / MOI)
September 1, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာရှိ စစ်အုပ်စုတပ် စစ်ကြောင်း ခြေကုပ်ယူထားသည့် စခန်းကို...