ဖားကန့်မြို့တွင် စက်သုံးဆီဈေး တစ်ဂါလံ ကျပ်တစ်သောင်းခွဲ ထိ မြင့်တက်

ဖားကန့်မြို့တွင် စက်သုံးဆီဈေး တစ်ဂါလံ ကျပ်တစ်သောင်းခွဲ ထိ မြင့်တက်

ဖားကန့်မြို့နယ်တွင် ဧပြီလ ၂၈ ရက်နေ့ကတည်းက စက်သုံးဆီဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် တစ်ဂါလံ ကျပ်တစ်သောင်းခွဲ အထိမြင့်တက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ ဟိုတစ်နေ့ကစပြီးတော့ ငါးထောင့်ငါးရာ ဒီနေ့မနက်က တစ်သောင်းခွဲထိတောင်တက်သွားတာ” ဟု ယနေ့ နံနက် စက်သုံးဆီသွားဝယ်ခဲ့သည့် လုပ်ငန်းရှင်တစ်ဦးကပြောသည်။

စက်သုံးဆီများကိုလည်း တစ်ဦးလျှင် နှစ်ဂါလံသာ ‌ဆီဆိုင်များက ရောင်းချပေးနိုင်သည်ဟု ဆိုသည်။

စက်သုံးဆီဈေးနှုန်းမြင့်တက်မှုသည် ဆီဘောက်ဆာကားများ ဖားကန့်မြို့နယ်အတွင်းသို့ ဝင်ရောက်လာနိုင်ခြင်း မရှိသောကြောင့်ဟု ပြောဆိုကြကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ ဖားကန့်လာတဲ့လမ်းတွေမှာ ဆီ‌ဘောက်ဆာကားတွေရပ်ထားတယ်လို့ပြောတယ်။ ဘာကြောင့်လဲတော့ မသိဘူး” ဟု ကျောက်စိမ်းကုန်သည်တစ်ဦးက ဆိုသည်။

ထို့ပြင် ဟိုပင် နှင့် ကြာကြီးကွင်းကြားရှိ သဝက်ချောင်းကူးတံတား မိုင်းခွဲခံရမှုကြောင့် ဆီ‌ဘောက်ဆာကားများ လာနိုင်ခြင်းမရှိဟု ဒေသတွင်းတွင် ပြောဆိုနေကြသည်။

သို့သော်လည်း ထိုတံတားကို  ဖြတ်သန်းသွားရမည့် မြို့နယ်များ မှ စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခြင်းမရှိကြောင်း သိရသည်။

ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...