မိုးမောက်မြို့နယ်၊ နွမ်လန်းကျေးရွာအတွင်း စစ်ကောင်စီ၏ လက်ကြီးပစ်ခတ်မှုကြောင့် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာပြင်းထန်

မိုးမောက်မြို့နယ်၊ နွမ်လန်းကျေးရွာအတွင်း စစ်ကောင်စီ၏ လက်ကြီးပစ်ခတ်မှုကြောင့် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာပြင်းထန်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ နွမ်လန်းကျေးရွာအတွင်း ယနေ့ ဧပြီလ (၂၉)ရက်နေ့ ညနေ(၃)နာရီခွဲ ဝန်းကျင်က စစ်‌ကောင်စီတပ်ဘက်မှ ရွာတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာသားဦးထိခိုက် သေဆုံးပြီး တစ်ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ ရွာအတွင်း လက်နက်ကြီးပစ်ခတ်ခဲ့‌ သောကြောင့် လက်နက်ကြီး ထိမှန်ပြီးအသက်(၇၂)အရွယ် ဦးဂျန်မာထွယ်ဝါ သေးဆုံးခဲ့ကာ အသက်(၂၇)နှစ်အရွယ် မ မရစ်ရွယ်ဆန့်က ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

လက်ရှိ မ မရစ်ရွယ်ဆန့်သည် ညာလက်မောင်း ပြတ်ကာ ပေါင်နှစ်ခြမ်းလုံး ထိခိုက် ဒဏ်ရာ ပြင်းထန်သောကြောင့် ဗန်းမော်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ဆိုသည်။

“ရွာအတွင်းဘက် ပစ်တာ တစ်ယောက် သေပြီး၊ တစ်ယောက် ဒဏ်ရာ ရသွားပြီ။(၃)ခွဲလောက်မှာ ဟုတ်တယ်။ ဒဏ်ရာ ရသူက သူထမင်းချက်နေရင်း အိမ်ခေါင်မိုးပေါ်ကျတာ။ ဒဏ်ရာ ရသူကိုတော့ ဆေးရုံ ပို့လိုက်ပြီ။ ရွာအနီးက တပ်ရင်း (၄၃၈)စခန်း ပစ်တာ ဟုတ်တယ်။ချိန်ထိ ပစ်နေဆဲ ဖြစ်တယ်။”ဟု ၎င်းက ပြောသည်။

မိုးမောက်မြို့နယ်အတွင်း KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်လကျော်ခန့် ကြာမြင့်နေပြီဖြစ်ကာ လေကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန် နေသည်မှာလည်း ယနေ့ထိ (၆) ရက်ဆက်တိုက်ရှိပြီ ဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသူ/သားများ ‌ထိခိုက်သေဆုံးမှုများ ရှိနေသည်။

 

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...