၈၈ ခေါင်းဆောင် မင်းကိုနိုင်အပါဝင် လူ ၁၀ ကျော်ကို တွေ့ရှိကအကြောင်းကြားရန် ရခိုင်မြို့နယ်တစ်ချို့၌ စစ်ကောင်စီကြေငြာ

၈၈ ခေါင်းဆောင် မင်းကိုနိုင်အပါဝင် လူ ၁၀ ကျော်ကို တွေ့ရှိကအကြောင်းကြားရန် ရခိုင်မြို့နယ်တစ်ချို့၌ စစ်ကောင်စီကြေငြာ

၈၈ ခေါင်းဆောင် ဦးမင်းကိုနိုင်အပါအဝင် အမှုဖွင့်ခံထားရသူ ၁၇ ဦးကို တွေ့ရှိက အကြောင်းကြားပေးရန် ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊တောင်ကုတ်၊အမ်းမြို့နယ်များ၌ လူအသွားအလာ များသည့် နေရာများတွင် ဆိုင်းဘုတ်စိုက်ထူ ကြေငြာထားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဆိုင်းဘုတ်များကို ယခုရက်ပိုင်းအတွင်းက စိုက်ထူလာခြင်းဖြစ်ပြီး ကျောက်ဖြူမြို့တွင် ဈေးကြီး၊ နာရီစင်၊ ကမ်းနားလမ်းတို့၌ စိုက်ထူထားပြီး တောင်ကုတ်တွင် မြို့မရဲစခန်းအနီး၊ အမ်းမြို့တွင် မြို့ဟောင်းလေးခွဆုံနေရာများ၌ စိုက်ထူထားခြင်းဖြစ်သည်။

“ အထင်ကရပုဂ္ဂိုလ်တွေကို ဖမ်းဆီးမယ်ဆိုရင် သာမန်လူတွေကို အချိန်မရွေးဖမ်းဆီးလို့ရတယ်ဆိုတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်။ ဒေသခံတွေကို ကြောက်လန့်အောင်လုပ်ဆောင်ချက်တစ်ခုဖြစ်တယ်။နောက် ပုံနဲ့တကွပြထားတော့ ပိုပြီးကြောက်အောင် လုပ်ထားတာလို့မြင်တယ် ”  ဟု အမ်းမြို့ ဒေသခံ ကိုမျိုးလွင်က ပြောသည်။

မြို့နယ်တချို့၌ စိုက်ထူထားသည့် ဆိုင်းဘုတ်များတွင် ဦးမင်းကိုနိုင်၊ဦးဇော်ဝေစိုး၊ဦးဝင်းနိုင်၊ ဦးနိုင်ထူးအောင်၊ ဦးမျိုးနိုင်၊ ဒေါ်မြတ်သီတာထွန်း၊ ဦးနေမျိုး(ခ)ဦးဝင်း(ခ)ဦးမြင့်ဦး၊ ဦးဥက္ကာမင်း၊ စောယှားဖောင်းအွာ၊ ဦးဇေလက်၊ ဒေါ်ဖြူဖြူသင်း၊ ဦးထွန်းမြင့်၊ကိုဝေဖြိုးအောင်၊ ဒေါ်ဇင်မာအောင်၊ဦးလွင်ကိုလတ်၊ ဦးဇော်မင်းသိန်း၊ ဦးရည်မွန်(ခ)   မောင်တင်သစ်တို့၏ အမည်များကို ပုံနှင့်တတွဖော်ပြထား၍ ကြေငြာထားခြင်းဖြစ်သည်။

အဆိုပါလူပုဂ္ဂိုလ်များမှာ ပုဒ်မ ၅၀၅ (က)နှင့် ပုဒ်မ ၁၂၂ တို့ဖြင့် အမှုဖွင့်အရေးယူထားသည့် တရားခံပြေး များဖြစ်ကြောင်း၊ ၎င်းတို့အား ဝိုင်းဝန်းဖမ်းဆီးပေးနိုင်ရန်နှင့် တွေ့ရှိပါက နီးစပ်ရာနယ်မြေခံ တပ်၊ရဲစခန်းသို့ အကြောင်းကြားပေးရန် ဆိုင်းဘုတ်ကြေငြာချက်တွင် ရေးသားထားသည်။ ယင်းအပြင် တရားခံပြေးများအား လက်ခံထားသူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း ပါရှိသည်။

“ ဒါက နိုင်ငံရေးအရ အားပြိုင်မှုဖြစ်တယ်။ CRPH ကို အားပေးတဲ့လူတွေနဲ့ လက်ရှိစစ်ကောင်စီနဲ့ အားပြိုင်တာ ဖြစ်တယ်။ဒါက အသုံးချမှုတွေပါလာတယ်။မြန်မာနိုင်ငံလုံးထက်စာရင် ရခိုင်ပြည်နယ်ဟာ စစ်ကောင်စီကို ဝေဖန်တယ်။ ပြင်းထန်စွာရှုံချတာတွေက သိပ်မရှိဘူး။ ရှိတော့ရှိတယ်။ အများကြီးမရှိဘူး။ ဒီလိုနေရာတွေကို အခုလို ဆိုင်းဘုတ်တွေနဲ့ကြေငြာတာဟာ နိုင်ငံရေးအရ အသုံးချတာလို့မြင်တယ်” ဟု ရခိုင်အရပ်ဘက်အဖွဲ့များ ကွန်ရက် (CAN) မှ BOD ဒါရိုက်တာ ဦးသန်းလှက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမင်းကိုနိုင်အပါအဝင် ၁၇ ဦးတို့ကိုတရားစွဲပြီး ဖမ်းဝရမ်းထုတ်ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

၎င်းတို့သည် နိုင်ငံတော်တည်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည့် ရေးသားချက်များ၊ပြောဆိုချက်များကို  ဆိုရှယ်မီဒီယာများ၊လူမှုကွန်ရက်များကို အသုံးပြုလုပ်ဆောင်နေသည်ကို တွေ့ရှိရသည်ဟုဆိုကာ တရားစွဲထားခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...
PYA / ယခုနှစ်အတွင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး၏ လူမှုကူညီရေး ဆောင်ရွက်နေမှု။
September 1, 2026
ရခိုင်ပြည်အတွင်း လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်သတင်းအချက်အလက် ရရှိမှု...
August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...