မိုးမောက်တွင် စစ်ကောင်စီနှင့် KIA တို့တိုက်ပွဲပြင်းထန်နေဆဲ

မိုးမောက်တွင် စစ်ကောင်စီနှင့် KIA တို့တိုက်ပွဲပြင်းထန်နေဆဲ

ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ရှိ မြို့သစ်၊ ကုန်းလော ကျေးရွာအနီးတစ်ဝိုက်တွင် ယနေ့ မတ်လ (၂၈) ရက်နေ့ထိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ လေယာဉ်များအသုံးပြု၍ စစ်အင်အားအလုံးအရင်းများဖြင့် ထိုးစစ်ဆင်ကာ ပစ်ခတ်မှုများရှိနေသည်ဟု (KIA/KIO) သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ဒီနေ့ထိ တိုက်ပွဲက ဖြစ်နေတုန်းပဲ။ သူတို့ဘက်(စစ်ကောင်စီ) ကလည်း စစ်အင်အားတိုးပြီး ထိုးစစ်ဆင်နေတုန်း။ ကျွန်တော်တို့ဘက်(KIA)ကလည်း ခုခံတိုက်ခိုက်နေတုန်းပါ။ လေယာဉ်တွေနဲ့ ခုချိန်ထိပစ်နေတုန်းပဲ” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

တိုက်ပွဲများဆက်တိုက်ဖြစ်ပွား‌နေမှုမှာ (၅) ရက်ခန့်ရှိပြီဖြစ်သောကြောင့် နှစ်ဦးနှစ်ဖက် ထိခိုက်မှုများရှိကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

မြို့သစ်နှင့် ဆီဟတ် ကျေးရွာကြားတွင် တည်ရှိသည့် ဆက်သွယ်ရေးတာဝါတိုင်စခန်း နှင့် အလောဘွမ်တောင်အား ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ သိမ်းပိုက်ရယူခဲ့ခြင်းကြောင့် ယနေ့ချိန်ထိ စစ်ကောင်စီတပ်များမှ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ဖြစ်သည်။

#ပုံဟောင်းအသုံးပြုထားခြင်းဖြစ်ပါသည်

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...