မချမ်းဘော့မြို့နယ်ရှိ ဂိုဏ်ပေါင်းစုံ အသင်းတော် ဥက္ကဌများနှင့် ရိုးရာယဉ်ကျေးမှု ဥက္ကဌများအား ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌမှ သွားရောက်တွေ့ဆုံ

မချမ်းဘော့မြို့နယ်ရှိ ဂိုဏ်ပေါင်းစုံ အသင်းတော် ဥက္ကဌများနှင့် ရိုးရာယဉ်ကျေးမှု ဥက္ကဌများအား ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌမှ သွားရောက်တွေ့ဆုံ

ပူတာအိုခရိုင်၊ မချမ်းဘော့မြို့ရှိ ဂိုဏ်းပေါင်းစုံ ခရစ်ယာန် အသင်းတော် ဥက္ကဌများနှင့် ရိုးရာယဉ်ကျေးမှု ဥက္ကဌများကို စစ်ကောင်စီမှ ခန့်အပ်ထားသည့်ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးခက်ထိန်နန်မှ ယမန်နေ့ ဧပြီ(၂၆)ရက်နေ့တွင် ပူတာအို ခရိုင်အုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံမှုတွင် လက်ရှိ စစ်ကောင်စီမှ အာဏာသိမ်းခြင်းမဟုတ်ဘဲ အာဏာထိန်းခြင်းသာ ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းသာ အုပ်ချုပ်နေကြောင်း အစရှိသည်တို့ကို လာရောက် ရှင်းပြခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“လူအယောက်(၂၀) လောက်ကို ခေါ်တွေ့တာ။ တစ်ခြားအကြောင်းတော့ မဟုတ်ပါဘူး။ ၂၀၀၈ အတိုင်းပဲ အုပ်ချုပ်နေပါတယ်ပေါ့။ စစ်အုပ်ချုပ်ရေး မဟုတ်ပါဘူး။ ကျွန်တော်တို့ အရပ်သားတွေပဲ အုပ်ချုပ်ပါတယ်ပေါ့။ အရင်လုပ်နေတဲ့ လုပ်ငန်းတွေ အတိုင်းပဲ ဆက်ပြီး လုပ်နေပါတယ်ပေါ့။ အဓိကကတော့ စစ်အာဏာသိမ်းတာ မဟုတ်ဘူး အာဏာထိန်းတာဖြစ်ပါတယ်‌ပေါ့။ တစ်နှစ်ပြီးရင် ရွေးကောက်ပွဲ လုပ်ပေးမယ် ပြောတယ်။ အကျဉ်းချုပ်ကတော့ အဲ့ဒါပါပဲ။ သူတို့ပြောတာကို နားထောင်ပြီး ပြန်လာရတာပေါ့။”ဟု ၎င်းက ဆိုသည်။

ဖေဖော်ဝါရီလ(၁) ရက်နေ့ အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီမှ ဦးခက်ထိန်နန်အား ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌအဖြစ် ခန့်အပ်တာ၀န်ပေးခဲ့သည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...