မိုးမောက်မြို့နယ်၊ မြို့သစ်နှင့်ဆီဟတ်ကျေးရွာတစ်ဝိုက်တွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် ဆက်လက် ပစ်ခတ်မှုများရှိနေဟုဆို

မိုးမောက်မြို့နယ်၊ မြို့သစ်နှင့်ဆီဟတ်ကျေးရွာတစ်ဝိုက်တွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် ဆက်လက် ပစ်ခတ်မှုများရှိနေဟုဆို

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ရှိ မြို့သစ်၊ ဆီဟတ်စသည့် ကျေးရွာ အနီးတစ်ဝိုက်တွင် အာဏာသိမ်းကောင်စီမှ ယနေ့ထိ လေယာဉ်ဖြင့် ပစ်ခတ်မှုများ ရှိနေသေးကြောင်း သိရသည်။

စစ်ကောင်စီမှ ယမန်နေ့က လေယာဉ်ဖြင့် စတင်ပစ်ခတ်နေသည်မှာ လက်ရှိချိန်ထိ အပစ်မရပ်သေးသောကြောင့် ရွာသားများ ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး နေအိမ်များ ထိခိုက် ပျက်စီးမှုရှိ‌နေကြောင်း မြို့သစ်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“မနေ့ကတည်းကနေ တောက်လျှောက်ပစ်တာ မိုးလင်းထိပဲ။ အခုလည်း စလာပြန်ပြီ။ မနေ့က တစ်ညလုံး ဆော်တယ်။ လက်နက်ကြီးတွေနဲ့ လေယာဉ်နဲ့လည်း ဆော်တယ်။ ရွာလယ်ခေါင်မှာ နှစ်ဖက်တွေ့ဆုံမှု ရှိတယ်ထင်တယ်။ ပစ်ခတ်မှုတွေလည်း ရှိတယ်။ အိမ်တွေလည်း မီးလောင်တယ် ပျက်စီးတယ်။ အခုလည်း ပစ်နေပြီ။”ဟု ၎င်းက ပြောသည်။

ကချင်လွတ်မြောက်ရေးတပ်‌မတော်(KIA)မှ သိမ်းယူပြီးသည့် မြို့သစ်နှင့် ဆီဟတ်‌ကျေးရွာ ကြားရှိ တာဝါတိုင်စခန်းသို့ အာဏာသိမ်းတပ်မှ ထိုးစစ်ဆင်ကာ လေယာဉ်ဖြင့် ယမန်နေ့ ဧပြီ(၂၄)ရက်နေ့က စတင် ပစ်ခတ်ခဲ့ခြင်းဖြစ်‌ကြောင်းလည်း နောက်ထပ်ဒေသခံတစ်ဦးက ဆိုသည်။

” မနေ့က (၁၀)နာရီကနေ အခုထိပဲ။ ဆီဟတ်ရွာထိပ်က ဆက်သွယ်ရေးတာဝါတိုင်မှာ ဖြစ်တာ။ KIAတွေ သိမ်းပိုက်လိုက်တဲ့ နေရာကို စစ်တပ်ဘက်က ထိုးစစ်ဆင်ပြီး ပြန်လာပစ်တာ။ အခုထိပဲ”ဟု ၎င်းက လက်ရှိအခြေအနေကို ပြောသည်။

မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ကုန်းလော၊နွမ်လန့်၊ဆီဟတ် စသည့်ကျေးရွာများတွင် စစ်ကောင်စီနှင့် ‌KIA တို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ရွာသူ/သားများ အနေဖြင့် နီးစပ်ရာဘာသာရေးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။

April 29, 2026
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့တပ်သားအရေအတွက် ၂,၀၀၀ လောက်ပဲ...
April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...