ကယားပြည်နယ် CDMပြုလုပ်တဲ့ ပညာရေးဝန်ထမ်းတွေကို ဖိအားပေးသူတွေကို လူမှုရေးပြစ်ဒဏ် ပြုလုပ်

ကယားပြည်နယ် CDMပြုလုပ်တဲ့ ပညာရေးဝန်ထမ်းတွေကို ဖိအားပေးသူတွေကို လူမှုရေးပြစ်ဒဏ် ပြုလုပ်

ကယားပြည်နယ် ဒီးမော့ဆိုမြို့ ဒေါငံခါးလမ်းဆုံမှာ CDMပြုလုပ်တဲ့ ပညာရေး ဝန်ထမ်းတွေကို ဖိအားပေးတဲ့ ကျောင်းဆရာ/မ တွေရဲ့ ပုံတွေကို ဧပြီလ ၂၄ရက်နေ့မှာ ဗီနိုင်းပုံတွေနဲ့ သစ်ပင်ပေါ်မှာကပ်ပြီး လူမှုရေးပြစ်ဒဏ် (social punishment) ပြုလုပ်ခဲ့ပါတယ်။

မယ်စဲ့မြို့နယ်ပညာရေးမှူးဦး ဦးတင်ငွေ၊ အ.လ.က ရွမ်ခူကျောင်းအုပ် ဦးခွန်းသွက်၊ လွိုင်နန်းဖကျောင်းအုပ် ဒေါ်ရှားမြာ တို့ရဲ့ ပုံတွေကို ကပ်ထားတာဖြစ်ပါတယ်။

မယ်စဲ့မြို့နယ်ပညာရေးမှူးဦး ဦးတင်ငွေက ဌာနဆိုင်ရာစစ်ဆေးခံဖို့ကိစ္စနဲ့ပတ်သက်ပြီး ဧပြီလ ၂၄ရက်နေ့ နောက်ဆုံးချေပပေးဖို့ စာပေးပို့ထားပါတယ်။

အခုက စာနဲ့ပေးပို့တာဖြစ်ပြီး အရင်က နှုတ်တွေနဲ့ ဖိအားပေးတာတွေလည်းရှိတယ်လို့ CDM ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

” အဲ့ဟာလေးတွေကလေ ဒါက သူတို့က စာနဲ့ထုတ်တာပေါ့နော။ ခါတိုင်းက သူတို့က မသွားနဲ့မလာနဲ့ လို့ ဖိအားပေးဖူးတာပေါ့နော။ သွားလို့ရှိရင် ပါဝင်လို့ရှိရင် လစာမပေးဘူး စသည်ဖြင့် အဲ့လိုမျိုးပေါ့နော။ အဲ့လိုမျိုးတော့ရှိတယ်ပေါ့နော။ ပါစပ်နဲ့ပေါ့။ “

ပြည်နယ်ပညာရေးမှူးရုံးက CDM ကျောင်းအဖြစ်ကြေညာထားတဲ့ကျောင်းအုပ်တချို့ကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းနဲ့အညီ အရေးယူသွားမယ်လို့ အကြောင်းထားပါတယ်။

ဌာနဆိုင်ရာစစ်ဆေးမှုကို မချေပရင် ဝန်ထမ်းဥပဒေအရ တာဝန်မှ ယာယီရပ်နားခံရ၊ တာဝန်မှယာယီရပ်ဆိုင်းခံရတာတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

ဖရူဆိုမြို့ပေါ်မှာလည်း CDM ဝန်ထမ်းတွေကို ဖိအားပေးတဲ့ သူတွေရဲ့ပုံကို ကပ်ထားတာတွေလည်းရှိဖူးပါတယ်။

August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...