လွိုင်ကော် ကောလိပ်ကျောင်းသားတွေရဲ့ စစ်ကျွန်ပညာရေးကို ဆန့်ကျင်နေမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ချက်အပေါ် ဆရာများသမ္မဂ္ဂအဖွဲ့ ကြိုဆိုထောက်ခံ

လွိုင်ကော် ကောလိပ်ကျောင်းသားတွေရဲ့ စစ်ကျွန်ပညာရေးကို ဆန့်ကျင်နေမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ချက်အပေါ် ဆရာများသမ္မဂ္ဂအဖွဲ့ ကြိုဆိုထောက်ခံ

လွိုင်ကော်ပညာရေးဒီကရီကောလိပ် ကျောင်းသား၊ ကျောင်းသူတွေက မတရားအာဏာသိမ်းစစ်ကောင်စီအစိုးရရဲ့ လက်အောက်မှာ ဖွင့်မယ့် စစ်ကျွန်ပညာရေးစနစ်အတန်းကို လုံးဝတက်ရောက်မှာ မဟုတ်ဘူးလို့ သဘောထားထုတ်ပြန်ထားတဲ့အပေါ် လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း ဆရာ၊ ဆရာမ များသမ္မဂ္ဂရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

” ကျနောတို့ဆရာများသမဇဂ္ဂအနေနဲ့ကြိုဆိုတယ်။ ကျနောတို့ ကျောင်းပြန်တက်မယ့်သူတွေလည်းရှိတယ်လို့ ကြားရတာရှိတယ်။ သူတို့လည်း မိဘတွေရဲ့ဖိအားပေးမှုတွေ ရှိချင်ရှိနိုင်တယ်။ သူတို့က နိုင်ငံရေးအခြေအနေကို စိတ်မဝင်စားတာလည်းရှိချင်ရှိနိုင်တယ်။ အထူးသဖြင့်ပညာရေး နောက်ဆုံးနှစ်ကျောင်းသူ ကျောင်းသားတွေ ဖြစ်ချင်ဖြစ်နိုင်လိမ့်မယ်။ သူတို့ကဘယ်လိုဖြစ်လဲဆိုရင် ဒီနောက်ဆုံးနှစ်က ကျောင်းမတက်ဘူးဆိုလို့ရှိရင် ကျောင်းထွက်ခံရမလာ။ သူတို့ဒါတွေတွေးနေလိမ့်မယ်။ သူတို့ရဲ့ထုတ်ပြန်ချက်မှာ ကျောင်းမတက်ဘဲ ကျောင်းပျက်ဆိုတဲ့စာပါရှိတယ်။ သူတို့ရဲ့ Statementကို ကျနောတို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ ကျနောတို့စစ်ကောင်စီကို ကျနောတို့ တာဝန်မကျသေးတဲ့ ဆရာလောင်း ဆရာမလောင်းတွေကို ပြည့်ပြည့်ဝဝကြိုဆိုတယ်။ ကျနောတို့ ဒီစစ်ကောင်စီကို အတူတူတွန်းလှန်ကြမယ်လို့ပြောချင်ပါတယ်ဗျာ။ “

ထုတ်ပြန်ချက်မှာ ပြည်သူတင်မြောက်ထားတဲ့ အစိုးရ ကျောင်းပြန်ဖွင့်လှစ်မှသာ တက်ရောက်မည်ဖြစ်ပြီး စစ်ကျွန်ပညာရေးစနစ်ကို ဆက်လက်တော်လှန်နေမည် ဖြစ်ကြောင်း ပါဝင်ပါတယ်။

မြေဖြူကိုင်သည့်လက်နဲ့ ကျောင်းသားတို့ရဲ့အနာဂတ်ကိုဖန်တီးချင်တယ်၊ သွေးစွန်းနေတဲ့ ဘွဲ့လက်မှတ်နဲ့ ကျောင်းသားတို့ရဲ့ အနာဂတ္ကို မဖန်တီးနိုင်ဘူး၊ ကျောင်းမတက်နဲ့ ကျောင်းပျက် ဆိုတဲ့ ဆောင်ပုဒ်သုံးခုနဲ့ စစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်နေကြတာဖြစ်ပါတယ်။

August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...