အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကိုတောင်ကိုးရီးယားအစိုးရနှင့်လွှတ်တော်မှမြန်မာနိုင်ငံ၏တရား၀င်အစိုးရအဖြစ်အသိအမှတ်ပြုပေးရန် တောင်ကိုးရီးယားနိုင်ငံရှိမြန်မာအဖွဲ့အစည်းများကတောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကိုတောင်ကိုးရီးယားအစိုးရနှင့်လွှတ်တော်မှမြန်မာနိုင်ငံ၏တရား၀င်အစိုးရအဖြစ်အသိအမှတ်ပြုပေးရန် တောင်ကိုးရီးယားနိုင်ငံရှိမြန်မာအဖွဲ့အစည်းများကတောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အား ကိုရီးယားလွတ်တော်နှင့်အစိုးရမှ  မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပေးရန် တောင်းဆိုတင်ပြသည့် သတင်းစာရှင်းလင်းပွဲ တွင် တောင်ကိုရီးယားနိုင်ငံရှိ မြန်မာအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)မှ ဦးဆောင်၍ စီစဉ်ကျင်းပခဲ့ပြီး ကိုရီးယားနိုင်ငံရှိ အခြားသော မြန်မာအဖွဲ့အစည်းပေါင်း (၂၀)ဖွဲ့နှင့်အတူ Chin Youth Organization South Korea ကိုယ်စားလှယ် အနေဖြင့် ပါဝင်တက်ရောက်ကြောင်း CYO South Korea အဖွဲ့၏လူမူကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။

ထိုသတင်းစာရှင်းလင်းပွဲကို ကိုရီးယားနိုင်ငံရှိ မြန်မာအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)မှ ဦးဆောင်၍ စီစဉ်ကျင်းပခဲ့ပြီး ကိုရီးယားနိုင်ငံရှိ အခြားသော မြန်မာအဖွဲ့အစည်းပေါင်း (၂၀)ဖွဲ့နှင့်အတူ ကိုရီးယားအဖွဲ့အစည်းပေါင်း (၂၀၀)ကျော်မှ လက်မှတ်ရေးထိုးထားသည့် တင်ပြတောင်းဆိုချက်စာကို လက်ရှိ အာဏာရ ပါတီမှ ကိုရီးယား မြန်မာ လွတ်တော်အမတ်များချစ်ကြည်ရေးအသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ ဖတ်ဂယောင်းဆွန်းနှင့်အတူ အဖွဲ့ဝင် လွတ်တော်အမတ် (၅)ဦးတို့က မြန်မာ့ဒီမိုကရေစီအရေးကို မိမိတို့အနေဖြင့် အားပေးထောက်ခံကြောင်း ထို့နည်းတူ NUG အစိုးရကိုလည်း မိမိတို့ လွတ်တော်အမတ်များအနေဖြင့် ချွင်းချက်မရှိ  အသိမှတ်ပြု ထောက်ခံပါကြောင်း လွတ်တော်အတွင်း၌လည်း အများက ထောက်ခံစေပြီး အသိအမှတ်ပြုပါရန် မိမိတိုမှတိုက်တွန်းနှိုးဆော်သွားမည်ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပေးခဲ့ကြပြီး ထိုတောင်းဆိုစာကို ကိုရီးယားနိုင်ငံ၏ နိုင်ငံခြားရေးရာဌာနမှ မူဝါဒရေးရာ စီမံခန့်ခွဲရေး ဥက္ကဋ္ဌ ဖြစ်သူ လွတ်တော်အမတ် မစ္စတာ လီယုံဆန် ထံသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံတကာ စည်းရုံးရေးကော်မတီ ကိုရီးယားဌာန၏ ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အမျိုးသားညီညွတ်ရေး(NUG)အစိုးရကိုကိုးရီးယားလွှတ်တော်မှထောက်ခံရန်တင်ပြတောင်းဆိုစာကို  များမကြာခင် ကိုရီးယား ပြည်သူ့လွတ်တော် အစည်းအဝေးသို့ တင်ပြပြီး  လွတ်တော်မှ ဆွေးနွေးသုံးသပ်ချက်များဖြင့်  အများသဘောတူ ဆုံးဖြတ် အတည်ပြုပေးမည် ဖြစ်ကြောင်းသိရှိရပါသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...