မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမ္မဂ သပိတ်စစ်ကြောင်းတွင် ပါ၀င်သူ ကိုမျိုးထက်နိုင်အား စစ်ကောင်စီမှ ဖမ်းဆီ

မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမ္မဂ သပိတ်စစ်ကြောင်းတွင် ပါ၀င်သူ ကိုမျိုးထက်နိုင်အား စစ်ကောင်စီမှ ဖမ်းဆီ

မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂ သပိတ်စစ်ကြောင်းတွင် ပါဝင်လှုပ်ရှား‌နေသည့် ကိုမျိုးထက်နိုင်လင်း၊သမိုင်း ဂုဏ်ထူးတန်း(ဒုတိယနှစ်)ကို ယနေ့ နံနက် (၆)နာရီခွဲ ဝန်းကျင်က စစ်ကောင်စီမှ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

လာရောက်ဖမ်းဆီးချိန်တွင် အိမ်စီးကား(၆)စီး၊ ရဲကား ၂စီးဖြင့် နေအိမ်ဝင်းကို ဝိုင်းထားပြီး အိပ်ခန်းသို့ သွားရောက်ကာ လက်ထိပ်ခတ် ခေါ်ဆောင်သွားကြောင်း သိရသည်။

ကိုမျိုးထက်နိုင်လင်းသည် အာဏာသိမ်းသည့်နောက်ပိုင်း မြစ်ကြီးနားမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် လူငယ်တစ်ဦးအနေဖြင့် ပါဝင်ခဲ့သူ ဖြစ်သည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...