ရခိုင်တွင် အခြေခံကျောင်းများဖွင့်လှစ်ရန် အသင့်အနေအထား၌ရှိ

ရခိုင်တွင် အခြေခံကျောင်းများဖွင့်လှစ်ရန် အသင့်အနေအထား၌ရှိ

ရခိုင်ပြည်နယ်ရှိ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် အဆင်အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းကဆိုသည်။

ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းသန့်ရှင်းရေးဆိုင်ရာလုပ်ငန်းများနှင့် ဆရာ ၊ ဆရာမများအား မွမ်းမံသင်တန်းတမ်းများ ပေးခြင်းတို့ကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပြောသည်။

“မွမ်းမံသင်တန်းတွေနဲ့ပတ်သက်လို့ကတော့ အကုန်လုံး ပြီးသွားပြီ။ Great 4 ၊Great 7 ၊Great 10 စတဲ့ အတန်းတွေရဲ့ မွမ်းမံသင်တန်းနဲ့ပတ်သက်ပြီးတော့လည်း အကုန်ပြီးသွားပြီ။ ရခိုင်ကကျောင်းတွေပြန်ဖွင့်မယ်ဆိုရင် အကုန်လုံးကတော့ အဆင့်သင့်ကတော့ဖြစ်နေကြပြီ” ဟု ဦးတင်သိန်းကပြောသည်။

သို့သော် ကျောင်းပြန်ဖွင့်မည့်အချိန်နှင့်မည်သို့ပြန်လည်ဖွင့်သွားမည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ညွှန်ကြားချက်များအတိုင်း လိုက်ပါဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် မိမိအနေဖြင့် အတိအကျ ပြောဆိုရန်ခက်ခဲကြောင်း သူကဆိုသည်။

လာမည့်ပညာသင်နှစ်တွင် ကျောင်းသူကျောင်းသားများ၏ ပညာရေး ထိခိုက်မှုမရှိစေရေးအတွက် ပညာရေးနှစ်တစ်ခုအတွင်း စာမေးပွဲ နှစ်ခုဖြင့် ပြုလုပ်သွားရန် လက်ရှိ စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြောကြားထားခဲ့သော်လည်း လက်တွေ့တွင် အခက်ခဲများ ရှိနိုင်သဖြင့် စိုးရိမ်မိကြောင်း ပုဂ္ဂလိကပညာရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေသူ ဆရာဦးသိန်းဝင်းကဆိုသည်။

“သူက ကလေးတွေနစ်နာဆုံးရှုံးခဲ့တဲ့ ပညာရေးခရီး(နှစ်)ကို အတန်းဆုံးရှုံးသွားမှုမရှိအောင် ကျောင်းဖွင့်လို့ ရတာနဲ့တစ်ပြိုင်နက် ပညာသင်နှစ်တစ်နှစ်တည်းမှာ အတန်းနှစ်တန်းကိုသွားမယ်ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာရှိတယ်။ ဆယ်လသင်တဲ့သင်ရိုးတစ်ခုကို ငါးလနဲ့ ဖြတ်မယ်ဆိုမျိုးဟာ ငါးလတာပညာရေးခရီးပဲ ရောက်မှာမို့လို့ ဒါဟာ စိတ်ကူးတစ်ခုကိုချပြတာသာဖြစ်တယ်လို့မြင်ပါတယ်”ဟု သူကဆိုသည်။

ထို့အပြင်  စစ်ကောင်စီ၏ ပညာရေးဝန်ကြီးက ဇွန်လ ၁ ရက်နေ့တွင် ကျောင်းများအားလုံး ဖွင့်လှစ်သွားမည်ဟု နိုင်ငံပိုင်သတင်းစာတွင် ထည့်သွင်းကြေညာထားသော်လည်း ပညာရေးမှာ စီးပွားရေးနှင့် တိုက်ရိုက်အချိုးကျနေသည့် အတွက် ယခုကဲ့သို့ အချိန်တွင် ကျောင်းသားကျောင်းသူများ ကျောင်းသို့ အပြည့်အဝမတက်ရောက်နိုင်မည်ကို စိုးရိမ်မိကြောင်းကိုလည်း သူကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်တွင် COVID -19 ကူးစက်ရောဂါကြောင့် အခြေခံပညာကျောင်းများအပါအဝင် တက္ကသိုလ်ကျောင်းများအားလုံးကို အကန့်အသတ်မရှိ ယာယီပိတ်ထားခဲ့ရသည်။

DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...
လောင်တလိုင်မြို့ တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။ / DMG
September 3, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း၌ စက်တင်ဘာလ ၁ ရက်မှစ၍...
ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...