EU မှ အရေးယူဒဏ်ခတ်မှုတွင် ဒေါ်အေးနုစိန်ပါဝင်သော်လည်း ANP နှင့် ရခိုင်လူထုအပေါ် ရိုက်ခတ်မှုမရှိနိုင်ဟုဆို

EU မှ အရေးယူဒဏ်ခတ်မှုတွင် ဒေါ်အေးနုစိန်ပါဝင်သော်လည်း ANP နှင့် ရခိုင်လူထုအပေါ် ရိုက်ခတ်မှုမရှိနိုင်ဟုဆို

စစ်အာဏသိမ်းမှုတွင်ပါဝင်သည့် အရပ်သား နိုင်ငံရေးသမား  ၁၀ ဦးနှင့် တခြားလုပ်ငန်းတစ်ချို့ကို ဧပြီလ ၁၉ ရက်နေ့က ဥရောပသမဂ္ဂ EU မှ အရေးယူမှုမှာ ANP ကို တိုက်ရိုက်သက်ဆိုင်မှုမရှိကြောင်း ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဖေသန်းက ပြောသည်။

EU မှ ဒဏ်ခတ်အရေးယူသည့် လူပုဂ္ဂိုလ် ၁၀ တို့မှာ မြန်မာ့ဒီမိုက‌ရေစီနှင့် တရားဥပဒေစိုးမိုးရေး တို့ကို ပျက်ပြားသွားစေရန် လုပ်ဆောင်နေသည့်နေရာတွင် တာဝန်ရှိသည့်လူပုဂ္ဂိုလ်များဖြစ်သလို လူ့အခွင့်အရေးကို ချိုးဖောက်ပြီး ဆက်လက်ဖိနှိပ်သည့်နေရာ၌ ပါဝင်ပတ်သက်သူများဖြစ်သဖြင့် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

EU မှ အရေးယူ ဒဏ်ခတ်သည့် စာရင်း၌ ထည့်သွင်းလိုက်သည့် လူပုဂ္ဂိုလ် ၁၀ ထဲတွင် စစ်ကောင်စီအဖွဲ့ ဝင်ဖြစ်သည့် ရခိုင်အမျိုးသားပါတီမှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အေးစိန်လည်းပါဝင်ပြီး ယင်းသို့ အရေးယူဒဏ်ခတ်ခြင်းမှာ ပါတီအပေါ်ရိုက်ခတ်မှုတချို့ ရှိသော်လည်း နိုင်ငံတကာဆက်ဆံရေးအပိုင်းတွင် ANP အတွက် အရေးပါမှုမရှိကြောင်း ဦးဖေသန်းကပြောသည်။

“ပုဂ္ဂိုလ်ရေးအားဖြင့် လောလောဆယ်တော့ သူတို့က အရေးယူတယ်။ ဒဏ်ခတ်တယ်ဆိုသည့်တိုင် အောင် ANP ပါတီကိုလည်း အကျိုးသက်ရောက်မှုရှိတယ်။ ဘာကြောင့်လည်းဆိုတော့ ANP ပါတီကလည်း ပြည်ထဲမှာ နိုင်ငံရေးအရ လွှတ်တော်လမ်းကြောင်း၊ အစိုးရလမ်းကြောင်းကို ယှဉ်ပြိုင်နေတဲ့ပါတီဖြစ်တယ်။ နိုင်ငံတကာ ဆက်ဆံရေးက သိပ်ပြီးအရေးအပါဘူး။ အဲဒါကြောင့် နိုင်ငံတကာ တိုက်ခိုက်မှု၊ ဒဏ်ခတ်မှု၊ အရေးယူမှုတွေဟာ ကျွန်တော်တို့ ANP ကိုလည်း တစ်စုံတရာ ဂုဏ်သိက္ခာထိခိုက်သည်မှန်သော်လည်း လူထုရဲ့ သဘောထားက အရေးပါတယ်။ လူထုက ဒီလုပ်ရပ်ဟာမှန်တယ်ဆိုရင် ကျွန်တော်တို့ ANP အနေနဲ့ ရှေ့ဆက်လို့ရတယ်။ နောက် လူထုက ANP ရဲ့ လုပ်ဆောင်ချက်ဟာ မှားတယ်ဆိုရင် ရှေ့ကိုဆက်သွားလို့မရဘူး။ လူထုထောက်ခံမှုဟာလည်း ကျဆုံးသွားမှာဖြစ်တယ်။ နိုင်ငံတကာအရေးယူမှုအပိုင်းကတော့ ပါတီကို တိုက်ရိုက်အကျိုးသက်ရောက်မှု မရှိသလောက်ပဲထင်တယ်”ဟုပြောသည်။

အရေးယူဒဏ်ခတ်မှုအပေါ်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအပေါ်၌ ရိုက်ခတ်မှု ရှိနိုင်မည်မဟုတ်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးမှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက သုံးသပ်ပြောဆိုသည်။

“မရှိနိုင်လို့ထင်တယ်။ သူတို့က စစ်ရှောင်တွေကို ရိုက်ခတ်မှုမရှိဘူး။ သူတို့က လူပုဂ္ဂိုလ်အပေါ် ပိတ်ဆို့အရေးယူမှုတွေလုပ်တာ။ အဲဒီမှာ ၂ ပိုင်းရှိတယ်။ စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူတာပေါ့။ လူပုဂ္ဂိုလ်ကိုကျတော့ ပိတ်ဆို့အရေးယူတာပေါ့။ ဒီဟာက ပြည်သူနဲ့မဆိုင်ပါဘူး” ဟု ပြောသည်။

လက်ရှိ ဥရောပသမဂ္ဂ EU မှအရေးယူဒဏ်ခတ်မှုအထဲတွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC နှင့် မြန်မာစီးပွားရေးဦးပိုင်လီမိတက် MEHL တို့လည်း ပါဝင်သည်။

April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...