ဖယ်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး CRPH နှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု KSCC ဆို

ဖယ်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး CRPH နှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု KSCC ဆို

ပြည်နယ်အရေး၊ ပြည်ထောင်စုအရေးနှင့် အနာဂတ်တွင် ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ပြည်ထောင်စုအဆင့်ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) က ဧပြီ ၁၈ ရက်၌ ထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပေါ်ထွန်းလာစေရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကို ကျင့်သုံးမည်ဖြစ်ကြောင်း KSCC ပြောရေးဆိုခွင့်ပုဂ္ဂိုလ်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ကလည်း KSCC ကနေပြီးတော့မှ ကျွန်တော်တို့ပြည်နယ်ထဲမှာပေါ့နော်။ အမျိုးသားညီညွတ်ရေးအစိုးရ ပေါ်ထွန်းလာအောင် ကျွန်တော်တို့ ကြိုးပမ်းသွားမယ်ပေါ့နော။ ကြိုးပမ်းပြီးတော့မှ ကျနော်တို့ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို ဒီကြားကာလအခြေအနေမှာ ကျနော်တို့ ကျင့်သုံးမှာဖြစ်တယ်။ ဒါပေမယ့် ကြားကာလထဲမှာပဲ။ ကျွန်တော်တို့က ဖယ်ဒရယ်အခြေခံဖွဲ့စည်းပုံတွေကို ပြင်ဆင်ထားမယ်။ ပြင်ဆင်ထားပြီးတော့မှ ကျွန်တော်တို့ နိုင်ငံရေးအခြေအနေပြီးတာနဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ကျနော်တို့ တည်ဆောက်ရမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် အခြေခံမူဟာ တိုင်းရင်းသားများတောင်းဆိုသည့် အခြေခံမူများနှင့် တစ်ထပ်တည်းကျနေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုလည်း လက်ရှိအခြေအနေနှင့်ကိုက်ညီအောင် CRPH နှင့် ညှိနှိုင်းပြင်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

KSCC ကို ကရင်နီပြည်နယ်အတွင်းရှိ ၂၀၂၀ အနိုင်ရလွှတ်တော်အမတ်များ၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း၊ အရပ်ဖက်လူမှုအဖွဲ့အစည်း၊ လူငယ်နှင့် အမျိုးသမီးအဖွဲ့အစည်း၊ တတ်သိပညာရှင်များနှင့် ဧပြီ ၉ ရက်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

တိုင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍ ပျက်စီးနေပြီး ပြည်သူများ၏ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုကို အကောင်အထည်မဖော်နိုင်တော့သည့်အခြေအနေကို ရောက်ရှိနေသည့်အတွက် KSCC က ကြားကာလတွင် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...