ယနေ့မနက် ၅ နာရီကျော် အချိန် ဝါးရှောင်ကျေးရွာ ၁၃မိုင် တွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား

ယနေ့မနက် ၅ နာရီကျော် အချိန် ဝါးရှောင်ကျေးရွာ ၁၃မိုင် တွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား

ယနေ့ မနက် ၅ နာရီ မိနစ် ၂၀ ချိန်မှ စ၍ ၈ နာရီ ၄၀ မိနစ်ချိန်ထိ ဝါးရှောင်ကျေးရွာစုပေါင်းဂိတ်ထိုင်ရာ ၁၃ မိုင်တစ်လျှောက်တွင် KIA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။

“မနေ့ည ၁၀ နာရီ ခွဲကျော်လောက်မှာ မီးတွေပြတ်သွားတယ်၊ သတင်းကြားရတာက နမ့်ဝါကျေးရွာဖက်က တပ်ရင်း (၅၈) က ခလယန်ကျေးရွာဖက်ကို စစ်ကြောင်းတက်သွားတယ်ပေါ့၊ အဲ ဒီမနက်တော့ တိုက်ပွဲဖြစ်တာပါပဲ” ဟု ရွာသားတစ်ဉီးမှ အတည်ပြုပြောကြားသည်။

နောက်ရွာသားတစ်ဉီးမှလည်း ” အဲ့ဒီ စုပေါင်းဂိတ်မှာထိုင်တဲ့ ရဲနဲ့လဝက ကလူတွေ ကားနဲ့ ထွက်ပြေးကြတာတွေ့လိုက်တယ်” ဟုဆိုသည်။

KIA မှ ရွာသားများကို နောက်တစ်ပတ် အင်္ဂါနေ့ချိန်ထိ ရွာပြင်မထွက်ရန်နှင့် တောင်ယာခင်းများ သို့ သွားရောက် လုပ်ဆောင်ခြင်း မလုပ်ရန် အကြောင်းကြားထားသည်ဟု ရွာသားများက ဆိုသည်။

ယခုတိုက်ပွဲနှင့်ပတ်သက်၍ နှစ်ဖက် ထိခိုက်မှု အခြေအနေကိုမသိရသေးပေ။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...