လေပြင်းတိုက်ခတ်မှုကြောင့် ပလက်ဝမြို့ပေါ်စစ်ဘေးရှောင်စခန်းရှိ လူနေအိမ် ၄၀၀ နီးပါး ပျက်ဆီး

လေပြင်းတိုက်ခတ်မှုကြောင့် ပလက်ဝမြို့ပေါ်စစ်ဘေးရှောင်စခန်းရှိ လူနေအိမ် ၄၀၀ နီးပါး ပျက်ဆီး

မာဂရက် – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ဧပြီလ ၄ ရက်နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူများနေထိုင်ကြသည့် အိမ်ခြေ ၄၀၀ နီးပါးခန့် ပျက်ဆီးမှုရှိခဲ့သည်ဟု သိရသည်။

ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက “ ပြန်တော့ပြင်ပါပြီ၊ သွပ်မိုးတွေ ပျောက်သွားတာတွေရှိတယ်၊ လဲသွားတာ၊ လုံးလုံး ပျက်စီးတာမရှိပါဘူး၊ ဘောလုံးကွင်း IDP Camp ၂၇၅ လုံး၊ စိုက်ပျိုးရေး Camp မှာ ၅၂ လုံး၊ အ.ထ.က(၁) မှာ ၆ လုံး၊ RC ဘုရားကျောင်းမှာ ၁၂ လုံး၊ ဝိသုတာရုံမှာ ၃၈ လုံး၊ ထမင်းချက်အဆောင် ၄ လုံး၊ မြို့မ ရပ်ကွက် လူနေအိမ် ၁၀ ဆောင်၊ ရိက္ခာ ရပ်ကွက် ၁၀ ဆောင် နှင့် လောင်းဂလူးရှိ ဘုန်းကြီးကျောင်း တကျောင်း အမိုးများထိခိုက်ပျက်စီး တယ်” ဟုပြောသည်။

အဆိုပါပျက်ဆီးမှုများကို စစ်ဘေးရှောင် ပြည်သူများက ကိုယ်ထူကိုယ်ထဖြင့် ပြန်လည် ပြုပြင်တည်ဆောက်ကြရေ ကြာင်းပလက်ဝမြို့ ခံတစ်ဦးကပြောသည်။

“သူတို့ဘာသာ မိုးထားတာတော့တွေ့တယ်၊ သွပ်တွေကို ဝါးနဲ့ပဲ အပေါ်ကနေ နှီးနဲ့ပဲချည်ပြီးတော့လုပ်ကြတယ်၊ သူတို့ဟာနဲ့သူတို့လုပ်တာများတယ်အခု၊ တချို့က လေတိုက်တော့ သွပ်တွေလွင့်သွားတော့ ပြန်ရှာလို့မတွေ့ဘူး၊ ရတဲ့ဟာတော့ပြန်မိုးတာပေါ့ သူတို့ဟာနဲ့သူတို့မိုးတာပေါ့” ဟုပြောသည်။

အာဏာသိမ်းစစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြားပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ဆန်းပိုင်းက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားမှုကြောင့် ပလက်ဝမြို့ပေါ်တွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော်ရှိသည်။

May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...