စစ်တွေ ကန်တော်ကြီး ရေခမ်းခြောက်မှု ပြည်နယ်ကောင်စီ ကွင်းဆင်းစစ်ဆေးနေကြောင်းပြော

စစ်တွေ ကန်တော်ကြီး ရေခမ်းခြောက်မှု ပြည်နယ်ကောင်စီ ကွင်းဆင်းစစ်ဆေးနေကြောင်းပြော

စစ်တွေမြို့သူမြို့သားများကို ရေပေးဝေနေသည့် အဝေးပြေးကားဂိတ်အနီးရှိ ကန်တော်ကြီးမှာ အခု လက်ရှိ ရေခမ်းခြောက်နေ၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌက သွားရောက်ကွင်းဆင်းစစ်ဆေးနေကြောင်း ပြည်နယ်ကောင်စီ သတင်းထုတ်ပြန်ရေးတာဝန်ခံ ဦးလှသိန်းက ပြောသည်။

“ဟိုတလောက ကောင်စီဥက္ကဌ သွားကြည့်တယ်။ ဘယ်လိုအစီအစဉ်ရှိလဲပေါ့။ ဒါကတော့ နှစ်တိုင်းခမ်းနေတာပဲ၊ ငါတို့လက်ထက်ကတည်းကတည်းက ခမ်းနေတာ၊ ဂျိုက်ကာနဲ့လည်း နောက်ကျ လုပ်ကြဘာညာပြောတယ်။ မနေ့က သလုံးတော်ဓါတ်ကို သွားတော့ သလုံးတော်ဓါတ်ကကြည့်တော့ ကန်ကြီးထဲက ကန်ငယ်တွေ့တယ်။ ဘာပဲဖြစ်ဖြစ် ဝမ်းသာတယ်။ လိပ်တွေ၊ ငါးတွေ နေလို့ရသေးတာပေါ့။ ” ဟု ပြောသည်။

ယင်းကန်တော်ကြီးမှာ မိုရေလှောင်ကန်ဖြစ်ပြီး စိမ့်ရေမထွက်သည့်အတွက် ရေကုန်ခမ်းလျှင် အစားထိုးဖြည့်တင်းနိုင်ရန် ခက်ခဲသည်။

ကန်တော်ကြီးမှာ ရေပိုမိုသိုလှောင်နိုင်ရန် ဘတ်ဖိုးများဖြင့် ထူးဖော်ခြင်း ပြုလု်ပနေသည်ကို ပြီးခဲ့သည့်အပတ်က DMG မှ သွားရောက်ရာမှ တွေ့မြင်ခဲ့ရသည်။

ရပ်ကွက်အမည်မဖော်လိုသည့် စစ်တွေဒေသခံအမျိုးသမီးတစ်ဦးက “ ရေက အလုံအလောက်မရဘူး။ အခုဆိုရင် ရေအနှောက်တွေပဲ လာတယ်။ ရေမသန့်တော့ နွေလည်းရောက်ပြီဆိုတော့ နေမကောင်းဖြစ်မှာကို စိုးရိမ်တယ်။ ကျမမှာဆို ကလေးတွေက ငယ်သေးတော့ ရေကြောင့် ရောဂါရမှာကို ကြောက်နေတယ်။ ” ဟု ပြောသည်။

ဆင်ကူးလမ်းရပ်ကွက်က အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးကလည်း သူမနေသည့် ပတ်ဝန်းကျင်တွင် ရေလုံးဝမရရှိကြောင်းနှင့် ရေကို ယခင်အောင်တံခွန်သင်္ဘောဆိပ်အနီးက မိတ်ဆွေအိမ်တစ်အိမ်မှ အကူအညီတောင်းပြီ ရေခပ်ရကြောင်း ပြောသည်။

စစ်တွေမြို့တွင် ရေလုံးဝမရရှိသည့် ရပ်ကွက်အနည်းဆုံး ၅ ခုထက်မက ရှိပြီး ရေရရှိသည့် ရပ်ကွက်ဆိုလျှင်လည်း အိမ်တိုင်းစေ့ မရရှိကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။

မင်းဂံရပ်ကွက်ဆိုလျှင် ရပ်ကွက်ပေါင်း ၁၉ ခုအထိရှိပြီး အဝီစိရေကို အားကိုးရနေရကာ ကန်တော်ကြီးရေ လုံးဝမရကြောင်း ၅ နှစ်ကြာနေထိုင်လျက်ရှိသည့် မင်းကံရပ်ကွက်နေ အသက် ၄၅ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ကန်တော်ကြီးရေကန်ခြေအနေနှင့် ပတ်သက်ပြီး မည်သို့မည်ပုံ ဆောင်ရွက်မည့်အသေးစိတ်ကို သတင်းထုတ်ပြန်ရေးတာဝန်ခံ ဦးလှသိန်းက သူ့အနေဖြင့် မသိရှိကြောင်းနှင့် ပြည်နယ်ကောင်စီဥက္ကဌကိုပဲ မေးမြန်းရမည်ဟု ပြောသည်။

ရခိုင်ပြည်နယ်ကောင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဒေါက်တာအောင်ကျော်မင်းကို DMG မှ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း အလုပ်မအားသေးဟုဆိုကာ သတင်းထုတ်ပြန်ရေးတာဝန်ခံ ဦးလှသိန်းကိုပဲ မေးမြန်းရန် ဖြေဆိုခဲ့သည်။

လက်ရှိတွင် ကန်တော်ကြီး ရေခမ်းခြောက်နေခြင်းကြောင့် စစ်တွေမြို့က ရပ်ကွက်အချို့မှာ ရေရှားပါးမှုကို ကြုံတွေ့နေရပြီဖြစ်သည်။

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...