မုဒိမ်းမှုကျူးလွန်ပြီး လွတ်မြောက်နေသူများကို ဖမ်းမိရန် ဆောင်ရွက်နေဟု ဒီလပ် ပြော

မုဒိမ်းမှုကျူးလွန်ပြီး လွတ်မြောက်နေသူများကို ဖမ်းမိရန် ဆောင်ရွက်နေဟု ဒီလပ် ပြော
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM

ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး ဖမ်းဆီးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြောင်း အာရက္ခတပ်တော်၏ ဒီလပ် (DLEPS) ရဲတပ်ဖွဲ့က ပြောသည်။

အာရက္ခတပ်တော် ထိန်းချုပ်ဒေသအတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်မှု ဖြစ်စဉ်များရှိနေပြီး ယင်းအနက် ဝီရဌာနီ (ပေါက်တော) မြို့နယ်၊ ဖဒူချေရွာမှ သက်ငယ်မုဒိမ်းမှု၊ သံတွဲမြို့နယ်မှ မသန်စွမ်းအမျိုးသမီး အဓမ္မပြုကျင့်ခံရမှုနှင့် ပလက်ဝမြို့နယ်မှ အဓမ္မပြုကျင့် လူသတ်မှုတို့တွင် ကျူးလွန်သူများမှာ ယနေ့အထိ လွတ်မြောက်နေဆဲ ဖြစ်သည်။

ထိုသို့ မုဒိမ်းမှုကျူးလွန်သူများ လွတ်မြောက်နေရခြင်းသည် အရေးယူမှု အားနည်းခြင်း၊ လာဘ်ပေးလာဘ်ယူ စနစ်နှင့် ငွေကြေးဖြင့် ဖြေရှင်းခြင်းတို့ကြောင့်ဖြစ်ကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူများက ထောက်ပြ ကြသည်။

မြေပုံမြို့နယ်မှ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက “အစိုးရအနေနဲ့ ကျူးလွန်ခံရတဲ့ လူရဲ့ အချက် အလက်တွေကို မပေါက်ကြားအောင် ထိန်းသိမ်းထားဖို့လိုတယ်။ ပြစ်မှုကျူးလွန်တဲ့ ကိစ္စတွေပေါ်လာရင် ထိ ရောက်အောင် အရေးယူတာတွေ၊ ပြည့်စုံခိုင်လုံတဲ့ သက်သေ အထောက်ထားတွေစုဆောင်းပြီး အရေးယူတာတွေ လုပ်စေချင်တယ်“ ဟု ပြောသည်။

တစ်ဖက်တွင်လည်း နစ်နာသူ မိသားစုဝင်များအနေဖြင့် အရှက်ကြောက်၍ သက်ဆိုင်ရာသို့ မတိုင်ကြားခြင်း၊ ဖုန်း လိုင်းနှင့် အင်တာနက် ပြတ်တောက်နေခြင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတို့ကြောင့်လည်း အဓမ္မပြု ကျင့်မှု ဖြစ်စဉ်များတွင် ကျူးလွန်သူများ လွတ်မြောက်နေကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူများက ဆိုသည်။

ထို့ပြင် မုဒိမ်းမှုကျူးလွန်ခံရသူ ကလေးငယ်များကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးရန်နှင့် မိသားစုဝင်များ၏ လုံခြုံရေးကို ထိရောက်စွာ ကာကွယ်ပေးရန်လည်း ထောက်ပြနေကြသည်။

ကျောက်တော်မြို့နယ်မှ အမျိုးသမီးအရေးလှုပ်ရှားသူ မဒါလီက “တရားခံထွက်ပြေး လွတ်မြောက်တာက မရည် ရွယ်ဘဲ သက်သေအထောက်ထားတွေ ပျက်စီးသွားတာနဲ့ သတင်းအချက်လက်တွေကို အချိန်မီ မစုဆောင်းနိုင် တာ၊ အစိုးရရဲ့ စုံစမ်းစစ်ဆေးမှုလမ်းကြောင်းနဲ့ ထောက်လှမ်းရ ခက်ခဲလာတာတွေကို ဖြစ်စေပါတယ်။ နောက် တစ်ချက်က တရားခံဖမ်းဆီးရေး သတင်းတွေ ကြိုတင်ပေါက်ကြားတာ၊ သတင်းပို့စနစ်နဲ့ စုံစမ်းစစ်ဆေးမှု ကြန့်ကြာတာကြောင့် ကျူးလွန်သူက ကြိုတင်ပြင်ဆင်ထွက်ပြေးခွင့် ရရှိသွားတာပါ“ ဟု ပြောသည်။

ဒီလပ်အနေဖြင့် ကျူးလွန်သူများကို ဖမ်းဆီးအရေးယူနိုင်ရန် ကြိုးပမ်းနေသော်လည်း ပြည်သူများ၏ စိုးရိမ်ထိတ် လန့်မှုကို မကုစားနိုင်ဘဲ မှန်ကန်ပြီး ပွင့်လင်းမြင်သာမှုရှိသည့် တရားစီရင်မှုမျိုးဖြစ်ရန် လိုအပ်ကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူများက ဆိုသည်။

ULA နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သက်ငယ်မုဒိမ်းမှု ကြိုတင်ကာကွယ်ရေးနှင့် လျော့ကျပပျောက် ရေးများကို အထူးအလေးထား ဆောင်ရွက်နေကာ ကျူးလွန်သူများကို ထိုက်တန်သည့် ပြစ်ဒဏ်များ ချမှတ်နိုင် ရန် ဆောင်ရွက်နေကြောင်း ဒီလပ်က ပြောဆိုထားသည်။

ရာဇသတ်ကြီး ပုဒ်မ ၃၇၆ (၃) အရ မည်သူမဆို အသက် ၁၂ နှစ်အောက် အမျိုးသမီးကို မုဒိမ်းမှုကျူးလွန်ပါက ထောင်ဒဏ် တစ်သက်ဖြစ်စေ၊ ထောင်ဒဏ် နှစ် ၂၀ ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ချမှတ်သွားမည်ဟု ဒီလပ်က ထုတ်ပြန် ထားသည်။

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...
လောင်တလိုင်မြို့ တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။ / DMG
September 3, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း၌ စက်တင်ဘာလ ၁ ရက်မှစ၍...