ရွာတွေမှာ နယ်လှည့်ကျန်းမာရေးအဖွဲ့ကိုအားကိုးနေကြရ

ရွာတွေမှာ နယ်လှည့်ကျန်းမာရေးအဖွဲ့ကိုအားကိုးနေကြရ

ကယား(ကရင်နီ)ပြည်နယ် ကျေးလက်ဒေသဘက်မှာ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာတော့ ပြည်သူတွေက ကရင်နီနယ်လှည့်ကျန်းမာရေး အဖွဲ့ကနေ ဖွင့်လှစ်ထားတဲ့ ဆေးပေးခန်းမှာပဲ အဓိက အားကိုးအားထားနေကြရတယ်လို့သိရပါတယ်။

အမျိုးသားဖြစ်သူက အရိုးကင်ဆာနဲ့ အိပ်ယာထဲမှာလှဲနေပြီး အခုလို နိုင်ငံရေးမတည်မငြိမ်မှုကြောင့် ဆေးခန်းတွေဘာတွေဆက်ပြီး သွားပြဖို့ မဖြစ်နိုင်သေးတာကြောင့် ရွာမှာပဲ ဆေးကုသနေရပါတယ်လို့ ဒေါ်တကလဲကျေးရွာမှ ဒေါ်မာရိက ပြောပါတယ်။

“ဒီဆေးခန်းမှာပဲဘာဖြစ်ဖြစ်သူ့စာအုပ်နဲ့သူ ဒီမှာလာပြတာပေါ့။ သူတို့က ဆေးတွေဘာတွေပေးပြီး သူဘာသာသူ ကုသပေးနေတာပါ။ ပြီးရင်တော့ လွှဲစရာရှိရင်လွှဲပေးတယ်။ ထိခိုက်ဒဏ်ရာတွေ နဲ့ ရိုးရိုး ဖျားနာတွေ ၊ မီးဖွားတာတွေ ၊ ဝမ်းပျက်ဝမ်းလျော၊ ယားနာ ကရင်နီနယ်လှည့်ကျန်းမာရေး ဆေးခန်းမှာ ပဲပြသနေကြတာဖြစ်ပါတယ်”လို့ ဒေသခံတွေက ပြောပြပါတယ်။

ယားနာဖြစ်တာတွေလာပြကြတယ်။နောက်ပြီးကလေးမွေးတဲ့သူလာတယ်။ ဒီမှာမမွေးပေးနိုင်ရင် မြို့ပေါ်ကိုလွှဲပေးတယ်။ အခုလို ရွာတွေမှာရှိတဲ့ ကရင်နီနယ်လှည့်ဆေးပေးခန်းတွေမှာတော့ မီးမဖွားနိုင်လို့ အရေးပေါ်ခွဲစိတ်ရမည့်မွေးလူနာတွေ၊ တျခား အရေးပေါ်လူနာတွေကိုတော့ သက်ဆိုင်ရာ မြို့ပေါ်မှာရှိတဲ့ ဆေးပေးခန်းတွေကို တဆင့်လွှဲပေးပြီး ဆေးကုသမှုခံယူကြတယ်လို့သိရပါတယ်။

ဖရူဆိုမြို့နယ် ကေးလျားကျေးရွာအုပ်စု ဒေါတကလဲကျေးရွာရှိ ကရင်နီနယ်လှည့်ကျန်းမာရေးဆေးပေးခန်းမှာတော့ ၎င်းကျေးရွာအပါအဝင် နီးစပ်ရာကျေးရွာ အသီးသီးက ဒီဆေးခန်းမှာပဲ အားလုံးက ဆေးခန်းလာပြကြတယ်လို့ သိရပါတယ်။

ကျေးလက်ဒေသတွေဘက်မှာတော့ ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ကရင်နီနယ်လှည့်ကျန်းမာရေးအဖွဲ့တွေရှိသလို ၊ လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက် (CHDN) အဖွဲ့ တွေကလည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်နေကြတာတွေရှိပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...