အာဏာသိမ်းပြီးနောက်ပိုင်း ချင်းလူမျိုး ၁၇၁ ဦးဖမ်းဆီးခံခဲ့ရပြီး ၁၁၂ ဦး လွတ်မြောက်ပြီဖြစ်ကြောင်း CHRO ထုတ်ပြန်

အာဏာသိမ်းပြီးနောက်ပိုင်း ချင်းလူမျိုး ၁၇၁ ဦးဖမ်းဆီးခံခဲ့ရပြီး ၁၁၂ ဦး လွတ်မြောက်ပြီဖြစ်ကြောင်း CHRO ထုတ်ပြန်

Benezer – မြန်မာ့တပ်မတော်မှ ဖေဖော်ဝါရီလ တစ်ရက်နေ့က အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးတွင် အဖမ်းဆီးခံရသည့် ချင်းလူမျိုး ၁၇၁ ဦး ရှိခဲ့ပြီး ၁၁၂ ဦး ပြန်လည်လွတ်မြောက်ကာ ၅၉ ဦးမှာ ဆက်လက်ဖမ်းဆီးခံနေရဆဲ ဖြစ်ကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့ (CHRO)၏ ထုတ်ပြန်ချက်အရသိရသည်။

လွတ်မြောက်ခြင်းမရှိသေးသည့် ၅၉ ဦး တွင် ၁၁ ဦးမှာ ပုဒ်မတပ်အမှုအဖွင့်အရေးယူခံရပြီး ၄၈ ဦးမှာ ရုံးထုတ်ရန် စောင့်ဆိုင်းနေရပြီး ပုဒ်မတပ် အရေးယူခံရသည့် တစ်ဝက်ခန့်မှာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရခြင်း ဖြစ်ကြောင်းသိရသည်။

ချင်းလူ့အခွင့်အရေး (CHRO) ၏ အမှုဆောင်ညွန်ကြားရေးမှူး Salai Bawi Lian Mang က “ ဒီရက်ပိုင်းအတွင်းမှာ တရားဥပဒေမဲ့စွာ မလိုအပ်ပဲနဲ့လက်နက်အားကိုးပြီး အရပ်သားပြည်သူတွေကိုဖမ်းဆီးနှိပ်စက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရဲ့ အကန့်အသတ်မဲ့လှုပ်ရှားမှုတွေ၊ လမ်းပေါ်မှာတွေ့သမျှဖမ်းဆီးချုပ်နှောင်မှုတွေလုပ်ဆောင်တဲ့ အပေါ်မှာ မိမိတို့အနေနဲ့ အလွန်အမင်းစိုးရိမ်မိတယ်’’ ဟု ပြောသည်။

အဖမ်းခံရသူများထဲတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ၉ ဦး၊ ရွေးကောက်ပွဲကော်မရှင်မှ ၂၅ဦး၊ CDM ဝင်သည့် ရဲတပ်ဖွဲ့ဝင် ၇ ဦး အရပ်သား ၁၃၀ အဖမ်းခံခဲ့ရပြီး အဖမ်းခံရစဉ်တွင် အများစုမှာ ရိုက်နှက်ခံရမှုများ ကြုံတွေ့ခဲ့ရကြောင်း CHRO ကပြောသည်။

ဧပြီလ ၁ ရက်နေ့ ယမန်နေ့တွင်လည်း ချင်းပြည်နယ် ဟားခါးမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များမှ မြို့တွင်းလှည့်လည်ကာ လမ်းမဘေးရှိ နေအိမ်များမှ CCTV တပ်ဆင်ထားသည့် အိမ်များရှိ CCTV များအား ရိုက်နှက် ဖျက်ဆီးပြီး အနည်းဆုံး ၆ ဦး ဖမ်းဆီးခဲ့ကာ အချို့မှာ ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း တပ်မတော်အာဏာသိမ်းမှုအား ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်သည့် ခေါင်းဆောင်များ၊ ဆန္ဒဖော်ထုတ်ခဲ့သူများ နှင့် CDM ဝင်သည့် ဝန်ထမ်း စုစုပေါင်း ၂၃ ဦးအား ဖမ်ဝရမ်းထုတ်ထားသည်ဟုလည်းသိရသည်။

May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...