မနေ့ည ကလေးတက္ကသိုလ်အနီး ပစ်သတ်ခံရသည့် Salai Van Biak Thang အလောင်းကိုယနေ့ညနေသဂြိုလ်မည်

မနေ့ည ကလေးတက္ကသိုလ်အနီး ပစ်သတ်ခံရသည့် Salai Van Biak Thang အလောင်းကိုယနေ့ညနေသဂြိုလ်မည်

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်အနီးတွင် မနေ့ည ၉နာရီခွဲခန့်က စစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်မှုကြောင့်သေဆုံးသွားသည့် မောင်ဉာဏ်လင်းထက်@Salai Van Biak Thang (၁၉ နှစ်) ကလေးတဣသိုလ်၊ဒုတိယနှစ်ကျောင်းသားအလောင်းကိုယနေ့ညနေ ၃ နာရီမှာသဂြိုလ်မည်ဟုခိုင်ကမ်းမြို့ဒေသခံများထံမှသိရသည်။

ဒေသခံတစ်ဦးက "ညက ၉ နာရီလောက် သေနတ်သံတွေခိုင်ကမ်းရဲစခန်းနားကနေကြားရတယ်။ခိုက်ကမ်းနဲ့၉မိုင်နားမှာ လူငယ်တွေနဲ့ စစ်တပ်နဲ့ရဲထိပ်တိုက်တွေ့ကြတယ်လိုကြားတယ်၊ပြီးတော့ကလေးတဣသိုလ်ရှေ့မှာပစ်ခတ်သံကြားရတယ်။မနက်ကျတော့ ကျနော်အပြင်ထွက်လာတော့ကလေးတဣသိုလ်ရှေ့မှာလူတွေအုံနေတာနဲ့သွားကြည့်တော့ အရေးပေါ်လူနာတင်ကားပေါ်အလောင်းကိုတင်နေတာတွေ့တယ်။သူကဒီခိုင်ကမ်းမှာနေတဲ့လူငယ်ပဲ၊ညနေသဂြိုလ်မယ်လို့သိရတယ် ဟု ပြောသည်။

မနေ့ည ၉နာရီ၀န်းကျင်တွင် စစ်တပ်စခန်းချထားသည့် ကလေးတဣသိုလ်နှင့်တဆက်တည်းဖြစ်သည့်ခိုင်ကမ်းမြို့နေရာများတွင်လူငယ်များနှင့် စစ်တပ်၊ရဲများအကြားထိပ်တိုက်ပစ်ခတ်မူများ ဖြစ်ပွားကာစစ်တပ်၏ပစ်ခတ်မူကြောင့် Salai Van Biak Thang သေဆုံးပြီး လူ ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟုဒေသခံတချို့ထံမှသိရသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...