မနေ့ည ကလေးတက္ကသိုလ်အနီး ပစ်သတ်ခံရသည့် Salai Van Biak Thang အလောင်းကိုယနေ့ညနေသဂြိုလ်မည်

မနေ့ည ကလေးတက္ကသိုလ်အနီး ပစ်သတ်ခံရသည့် Salai Van Biak Thang အလောင်းကိုယနေ့ညနေသဂြိုလ်မည်

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်အနီးတွင် မနေ့ည ၉နာရီခွဲခန့်က စစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်မှုကြောင့်သေဆုံးသွားသည့် မောင်ဉာဏ်လင်းထက်@Salai Van Biak Thang (၁၉ နှစ်) ကလေးတဣသိုလ်၊ဒုတိယနှစ်ကျောင်းသားအလောင်းကိုယနေ့ညနေ ၃ နာရီမှာသဂြိုလ်မည်ဟုခိုင်ကမ်းမြို့ဒေသခံများထံမှသိရသည်။

ဒေသခံတစ်ဦးက "ညက ၉ နာရီလောက် သေနတ်သံတွေခိုင်ကမ်းရဲစခန်းနားကနေကြားရတယ်။ခိုက်ကမ်းနဲ့၉မိုင်နားမှာ လူငယ်တွေနဲ့ စစ်တပ်နဲ့ရဲထိပ်တိုက်တွေ့ကြတယ်လိုကြားတယ်၊ပြီးတော့ကလေးတဣသိုလ်ရှေ့မှာပစ်ခတ်သံကြားရတယ်။မနက်ကျတော့ ကျနော်အပြင်ထွက်လာတော့ကလေးတဣသိုလ်ရှေ့မှာလူတွေအုံနေတာနဲ့သွားကြည့်တော့ အရေးပေါ်လူနာတင်ကားပေါ်အလောင်းကိုတင်နေတာတွေ့တယ်။သူကဒီခိုင်ကမ်းမှာနေတဲ့လူငယ်ပဲ၊ညနေသဂြိုလ်မယ်လို့သိရတယ် ဟု ပြောသည်။

မနေ့ည ၉နာရီ၀န်းကျင်တွင် စစ်တပ်စခန်းချထားသည့် ကလေးတဣသိုလ်နှင့်တဆက်တည်းဖြစ်သည့်ခိုင်ကမ်းမြို့နေရာများတွင်လူငယ်များနှင့် စစ်တပ်၊ရဲများအကြားထိပ်တိုက်ပစ်ခတ်မူများ ဖြစ်ပွားကာစစ်တပ်၏ပစ်ခတ်မူကြောင့် Salai Van Biak Thang သေဆုံးပြီး လူ ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟုဒေသခံတချို့ထံမှသိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...