ကလေးမြို့တွင် စစ်တပ်ပိုင် အင်းဝဘဏ်အနီး ပေါက်ကွဲမှုဖြစ်

ကလေးမြို့တွင် စစ်တပ်ပိုင် အင်းဝဘဏ်အနီး ပေါက်ကွဲမှုဖြစ်

ကလေးမြို့လမ်းဆုံအနီး ဗိုလ်ချုပ်လမ်းမကြီးဘေးတွင်ရှိသည့် စစ်တပ်ပိုင် အင်းဝဘဏ်အနီးတွင် ယနေ့ (ဧပြီ ၁ ရက်) မွန်းလွဲပိုင်း ၂ နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားကြောင်း သိရသည်။

 

အင်းဝဘဏ်အနီးရှိ ပြည်သူတစ်ဦးက “ပေါက်ကွဲသံအကျယ်ကြီးကြားရတယ်။ ဗုံးပေါက်ကွဲတာလား။ အသံဗုံးလားတော့ မသိဘူး။ တော်တော်ကျယ်တယ်" ဟု ပြောသည်။

 

အဆိုပါပေါက်ကွဲမှုကြောင့် လက်ရှိ အင်းဝဘဏ်ရှေ့တွင် စစ်ကားခုနစ်စီးခန့်ရောက်ရှိနေကြောင်း သိရသည်။

 

ထို့ပြင် ရန်ကုန်မြို့တွင် ယနေ့နံနက်အစောပိုင်းက တပ်ပိုင် ဂန္ဓမာဟိုးလ်ဆေးကုန်တိုက်နှင့် Ruby Mart ကုန်တိုက်လည်း မီးလောင်မှုဖြစ်ပွားခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...