ဒေါ့ဖုန်းယန်မြို့နယ်က အာဏာသိမ်းစစ်တပ်၏ တပ်စခန်းတခုကို KIA သိမ်းပိုက်

ဒေါ့ဖုန်းယန်မြို့နယ်က အာဏာသိမ်းစစ်တပ်၏ တပ်စခန်းတခုကို KIA သိမ်းပိုက်

ဒေါ့ဖုန်းယန်မြို့နယ် အလောဘွမ်တွင်အာဏာသိမ်းစစ်တပ်၏ တပ်စခန်းတခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)မှ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIO/KIAမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

” အောင်နိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး စစ်ဦးစီးချုပ်ရုံးကနေ အတည်ပြုပေးတာကတော့ မရှိသေးဘူး။ ဒါပေမယ့် ရှေ့တန်းက ရဲဘော်တွေသတင်းပို့လာတာကတော့ ဒီမနက် ၄နာရီနဲ့၅နာရီကြားမှာ သူတို့ သိမ်းပိုက်နိုင်ခဲ့ပြီဆိုပြီး ပြောခဲ့တယ်။ “ ဟု ၎င်းကပြောသည်။

အလောဘွမ်အနီးအနားရှိ အာဏာသိမ်းစစ်တပ်၏ တပ်စခန်းများကိုလည်း KIAအနေဖြင့် သွားရောက်ထိုးစစ်ဆင်ခဲ့ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောသည်။

” အဲ့တပ်စခန်းတွေကိုတော့ သိမ်းပိုက်တာမျိုးတွေမရှိသေးဘူးထင်တယ်။ ပုံမှန်စောင့်ကြည့်နေကြတယ်။ ခုလည်း တိုက်ပွဲက မပြီးသေးဘူးပေါ့။ “ ဟု ပြောသည်။

အဆိုပါ အလောဘွမ်အာဏာသိမ်းစစ်တပ်၏ တပ်စခန်းသည် ယခင်ဒုတိယကမ္ဘာစစ်တွင် အင်္ဂလိပ်ခေတ်များ စစ်စခန်းချသည့်နေရာဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံနှင့်အနီးစပ်ဆုံး စစ်တပ်စခန်းလည်းဖြစ်ကြောင်း သိရသည်။

Most read this week

August 11, 2026
စစ်အုပ်စု၏ အမျိုးသမီး စစ်မှုထမ်း ခေါ်ယူမည့် ကိစ္စအပေါ် လုံးဝ လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံ...
August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...