မင်းတပ်မြို့တွင် စစ်ကောင်စီမှ ကိုဗစ်ကာကွယ်ဆေးထိုးပေးရန်စီစဉ်နေ

မင်းတပ်မြို့တွင် စစ်ကောင်စီမှ ကိုဗစ်ကာကွယ်ဆေးထိုးပေးရန်စီစဉ်နေ

ချင်းပြည်နယ် မင်းတပ်မြို့တွင် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးရန် စာရင်းသွင်းလာတဲ့ ပြည်သူတွေ နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတချို့ ရှိသဖြင့် ထိုးနှံပေးရန် စစ်ကောင်စီ လက်အောက်ရှိ မြို့နယ်ထွေအုပ်ရုံးမှ စီစဉ်ဆောင်ရွက်နေတယ်လို့ သတင်းရရှိပါသည်။

မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံကြီး မှ တာဝန်ထမ်းဆောင်လျက်ရှိသော ကာကွယ်ဆေးထိုးပေးမည့် တာဝန်ရှိသူများမှာ စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိလို့ အာဏာဖီဆန်သည့် CDM လှုပ်ရှားမှုတွင်ပူးပေါင်းပါဝင်ကြသဖြင့် စစ်တပ်ကဆရာဝန်များမှ ထိုးနှံပေးမည်ဟု သတင်းရရှိပါသည်။

ကျန်းမာရေး အသိုင်းအဝန်းမှ တာဝန်ရှိသူတချို့ကတော့ ဆေးအာနိသင်ကို စိတ်မချရကြောင်း၊ကာကွယ်ဆေး မထိုးသင့်ကြောင့်၊ ကာကွယ်ဆေးဟာ စိတ်မချရသည့် အတွက် ပြည်သူတွေ ဆေးမထိုးကြဘို့နဲ့ ပြည်သူတွေဟာ ဆေးစမ်းသပ်ရာ သတ္တဝါတွေမဟုတ်ဘူး စသည့် ဝေဖန်မှုတွေ ရှိနေပါသည်။

မင်းတပ်မြို့ပြည်သူ့ဆေးရုံတွင် ကိုဗစ်ကာကွယ်ဆေး ၁၀၀ ဦးရေစာသာ ရှိနေသည်ဟု သိရှိရပါသည်။  

မြန်မာနိုင်ငံတွင်ကိုဗစ်ကာကွယ်ဆေးထိုးပြီး အသက်သေဆုံးသွားသည့် ဖြစ်စဉ်တချို့ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ပြည်သူတွေအနေနဲ့ ကာကွယ်ဆေးမထိုးသင့်ကြောင်း တိုက်တွန်းလိုသည်ဟု ဆရာဝန်တစ်ဦးမှ ချင်းဝေါ် မီဒီယာကို ပြောပါသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...